မဲဆောက်မှာ ထိုင်းရဲအဖမ်းခံရပါက ဆောင်ရန်ရှောင်ရန် နည်းလမ်းများ (ရွှေမြန်မာတွေ သိထားသင့်ပါတယ်)

ရ ရင်ကောက် နောက်ပြစ် “ရဲ”၊ ဒီမနက်မဲဆောက်မှာ ကျနော့ မိတ်ဆွေတစ်ယောက် ရဲဖမ်းခံရပါတယ်။ ရဲဖမ်းခံရတဲ့ ကောင်လေးက စီဒီအမ် ကျောင်းဆရာပါ။ မဲဆောက်မှာဘဝသစ်ကို ပြန်စပြီး အလုပ်ရှာနေတဲ့ အချိန်မို့ ထိုင်း နိုင်ငံအတွင်းမှာ နေထိုင်လုပ်ကိုင်ခွင့် ပန်းရောင်ကဒ် ကို ငွေကြေးမတတ်နိုင်လို့ မလုပ်ခဲ့ရပါဘူး။

မဲဆောက်ထဲမှာနေဖို့အတွက် ရဲ ကဒ် ကို လစဉ် ဘတ် ၅၀၀ စသဖြင့် လိုင်းကြေးပေးပြီးနေပါတယ် သူ့မှာမိသားစုလည်းရှိပြီး အိမ်ထောင်ဦးစီးတစ်ယောက်ပါ။

ကျနော့ဆီ ဖေ့စဘုတ် မက်စင်ဂျာမှ သူရဲဖမ်းခံရတဲ့အကြောင်းလာပြောတဲ့အချိန် ကျနော်က သူ့ကို မင်းမှာအလုပ်မရှိဘူး၊ သူငယ်ချင်းလည်းမရှိဘူး ၊ ဆိုင်ကယ်က ငှါးလာတာစသဖြင့် ရဲ ကိုပြောဖို့ ကျနော်သင်ပေးလိုက်ပါတယ်။

အချိန်ကတော့ မနက် ၉:၃၀ ပါ။ ကျနော် အိပ်ရာထ ပြီး တရားနားထောင်နေတဲ့အချိန် အတွေးလေးတွေဖြတ်ပြီး ကျနော် စခန်းလိုက်သွားဖို့ ရေချိုးပြင်ဆင်ပြီး ကျနော့ မိတ်ဆွေဆီက သတင်းကိုစောင့်နေပါတယ်။ တကယ်တော့ ချက်ခြင်း ထလိုက်သွားလို့ရပါတယ်။ ချက်ခြင်းထလိုက်သွားရင် ကျနော့မိတ်ဆွေက ဆိုင်ကယ် ကလစ်ဘီး နဲ့ အဖမ်းခံထားရတာပါ။ ဆိုင်ကယ်သော့ကို ရဲကသိမ်းလိုက်ပြီး သူ့ကိုစခန်းကိုကားနဲ့ခေါ် သွားပါပြီ။

အဖမ်းခံရတဲ့မိတ်ဆွေမှာ အလုပ်ရှိတယ် ၊ သူငယ်ချင်းရှိတယ် ဆိုတဲ့ အသိကို ရဲတွေရသွားရင် ပေးရမဲ့ ငွေအမောင့်က ပိုများသွားနိုင်ပါတယ်။ တစ်ချို့ငွေကြေးမတတ်နိုင်တဲ့ ပုံစံဆိုရင် အလုပ်ရှုပ်ခံပြီး ကားပေါ်တောင် တင်မသွားပါဘူး ပြန်လွှတ်ပေးခဲ့တာ များပါတယ်။

ဒါကြောင့် ဒါလိုတွေ့ကြုံရတဲ့အခါ စိတ်လောလို့ မရပါဘူး တည်တည်ငြိမ်ငြိမ်ခေါင်းအေးအေးထားဖြေရှင်းရပါမယ်။ အမှုတိုင်းကိုတော့ မဆိုလိုပေမဲ့ ယခုလိုရွှေ့ပြောင်းအလုပ်သမား ရဲဖမ်းခံရတာ သာမန်ကိစ္စလေးလောက်ကတော့ ရဲတွေနဲ့တွေ့တဲ့အခါ အပြိုင်ငိုပြရမှာ ကျနော့တို့တာဝန်ပါ ။ ပေးနိုင်တယ် ကမ်းနိုင်တယ် ဆိုတာသိသွားရင် အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။

မဲဆောက်ထဲမှာ ရဲကဒ် နဲ့ နေကြပြီး သွားလာနေကြတဲ့သူတွေရှိသလို ၊ ပန်းရောင်ကဒ် ၊ ဆယ်နှစ်ခံကဒ် ၊ ပါတ်စပို့ ကိုယ်စီကိုင်ပြီး မိသားစုဖြင့်လာရောက်နေထိုင်ကြသူများ စသဖြင့် အားလုံးကဒ် ကိုယ်စီကိုင်ပြီး နေ့တစ် ဓူဝလုပ်ငန်းဆောင်တာ စားဝတ်နေရေး ရုန်းကန် နေရတဲ့ ရွှေ့ပြောင်း လူဦးရေ တိုးလာတာနဲ့အမျှ မဲဆောက်မြို့လေးဟာ စားကျက်မြေ ဖြစ်သွားပြီး သိမ်းငှက်တွေအတွက် ဆီဦး ထောပါတ်စားရမဲ့အချိန်ကောင်းဖြစ်သွားပါတယ်။ သိမ်းငှက်တွေမှာ မြန်မာ informer စကားပြန် ၃ ယောက်လောက်ပါပြီး ငွေစျေးကအစ စကားပြန်တာက အဆုံးစျေးညှိပေးကြပါတယ်။

ဒီနေ့ အဖမ်းခံရတဲ့အထဲမှာ တစ်ချို့က ဘတ် ၃ သောင်း ၊ တစ်ချို့က ဘတ်ကို ဖုန်းနဲ့ပြလို့ ၊ဘတ် ၁၅၀၀ စသဖြင့် အသီးသီး ပြီးစီးခဲ့ကြပြီး ကျနော့မိတ်ဆွေတော့ ကျနော်အသင်အပြကောင်းမှုကြောင့် ဘတ် ၅ ထောင်နဲ့ ပြီးစီး သွားခဲ့ပါတယ်။ ဒါတောင် ၂/၃ နာရီလောက် ကျနော့မိတ်ဆွေတင်းခံနိုင်ရင် ဘတ် ၁ ထောင် ၂ ထောင် နဲ့ပြီး နိုင်ပါတယ်။ အတွေ့အကြုံပေါ့ဗျာ။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလာရောက်အလုပ်ကိုင်ကြသူများ ၊ ပြောင်းရွှေ့အခြေချ လာရောက်နေထိုင်ကြသူများ ရော အစစအရာရာဂရုစိုက်ကြပါဗျ ။ဘန်ကောက် မြန်မာသံရုံးမှာ Black list က လူ ၅ ထောင်ကျော် ထိုင်းရောက် မြန်မာ informer က လည်း ၂ ထောင် လောက်ရှိပါတယ်။ ဂရုစိုက်နေကြပါဗျ။ ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page