၁၀၀ % တက်သွားတဲ့ လူသုံးကုန်တွေနဲ့ ထိန်းလို့မရတဲ့ ဝိသမစီးပွားရေးသမားတွေရဲ့ လောဘ

အိမ်စီးကားရှိနေသူတွေကို ကျလာတဲ့ ငွေတန်ဖိုးနဲ့ အညီ ကိုယ်ကားက ဂျပန်ကျ အစုတ်ဖြစ်နေတာတောင် တန်ဖိုးထားဖို့ ပြောတော့ ပွဲဇိုးတွေက မုန်းကြတယ်။

အိမ်ခြံကိစ္စမှာလည်း ဒီ၆ လအတွင်းမှာ အရင်ခေတ်ကောင်းစဉ် ကထက် တဆလောက်ပိုတဲ့ စျေးတွေတင်ရောင်းနေလို့ မြန်မာကျပ်ငွေ ဘယ်လောက်ပဲ ကျကျ၊ စီးပွါးရေးကျနေတဲ့ မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ဘာရင်းနှီးမြုပ်နှံမှုမှ လာမှာ မဟုတ်လို့ မတန်တဆစျေးတင်ထားတဲ့ အိမ်ခြံကို ပိုက်ဘောမမိစေအောင် သတိထားဝယ်ဖို့ ပြောတော့ ပွဲဇိုးတွေက မုန်းပြန်ရော

အခု ကုန်ပစ္စည်းရောင်းတဲ့သူတွေ ခွေးမဖြစ်ဖို့ ပြောပြန်ရင်လည်း မုန်းကြဦးမယ်။ လူများစုကတော့ အခြေခံစားကုန်စျေးတွေ တက်လာတာ ဘယ်ကြိုက်မှာလဲ။ တကယ်က အခြေခံစားကုန်စျေးတွေ စျေးတက်လည်း တကယ်စိုက်ပျိုး မွေးမြူတဲ့သူတွေက ခေတ်အဆက်ဆက် အရှုံးနဲ့ ရင်ဆိုင်ရတဲ့သူများတယ်။

ဘာတက်တက် စျေးတင်ပြီး ရောင်းတာက လယ်သမား တောင်သူ မွေးမြူရေးသမားဆီက ဝယ်ပြီး ပြန်ရောင်းတဲ့သူတွေ သူတို့က နိုင်ငံခြားက ဝယ်လက်ရှိနေလည်း စျေးပိုမပေးဘူး။ ဝယ်လက်မရှိမှသာ စျေးတွေ နှိမ်ပြီး ဝယ်ပေးကြတာ။ ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးတက်မလား။ သူတို့က တောင်သူတွေဆီက တအိတ်ကို 60000 နဲ့ ယူထားတဲ့ ဆန်တွေ သူတို့ဂိုဒေါင်မှာ မရောင်းရသေးပဲ အပြည့်ရှိနေပေမယ့် ဒေါ်လာ ယွမ်စျေးတက်လို့ ဓာတ်မြေဩဇာစျေးတွေ ၅ ဆလောက် တက်လိုက်တာနဲ့ သူတို့ လှောင်ထားတဲ့ ဆန်တွေက တအိတ်ကို တသိန်းတွေ ဖြစ်သွားရော။

လယ်သမားတွေကျတော့ အခုရိတ်ထားတဲ့ဆန်တွေ နောက်တသီး စိုက်ပျိုးချိန်အမီ မရောင်းနိုင်ရင် အရင်းမရှိတော့ ကုန်သည်ပွဲစားတွေ ပေးချင်သလောက် စျေးနဲ့ ရောင်းရတော့ လူမွေးမပြောင်တဲ့သူတွေများတယ်။ တချို့ကုန်သည်တွေက မကောင်းတဲ့ ဆန်တချို့ကို အမှုန့် လုပ်ပြီး ပြန်ရောင်းကြတယ်။

စျေးဆိုင်တွေမှာ အဲဒီဆန်မှုန့်ကို ယူရောင်းကြတာ အရင်က ဒိုင်က ဝယ်ရင် ၃၀၀ ကျပ်ကနေ အဲဒီကုန်သည်ဒိုင်ကနေပဲ ဆန်စျေးတက်လို့ အကြောင်းပြချက်နဲ့ အဲဒီဆန်မှုန့်ကို ကုန်ချောအဆင့်ရဖို့ စရိတ်တွေ ပေါင်းပြီး ရောင်းတော့ ဒေါ်လာစျေးတွေက 20% လောက်ပဲ တက်ပေမဲ့ အဲဒီကုန်သည်အမြတ်ကြီးစားသူတွေက အရင်တအိတ်ကို 300 ရောင်းရာကနေ 500 စျေးတက်တော့ သာမန်အားဖြင့်ကြည့်ရင် 100၊ 200 လို့ ထင်ရပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပြန်ယှဉ်လိုက်ရင် ဒေါ်လာဟာ 20% ပဲ တက်လာပေမဲ့ ဆန်မှုန့်က 70% လောက် တက်လာတာကို တွေ့ရမယ်။

စတိုးဆိုင်တွေ ၊ စျေးသည်တွေကတော့ သူတို့ ဝယ်ထားတဲ့ အရင်းပေါ် ရသင့်တဲ့ အမြတ်ရာနှုန်းပေါင်း ရောင်းပြီး အမြတ်တင်ရောင်းတော့ စျေးက 100% နီးနီး တက်သွားတဲ့သဘောပဲ။ ဒါတောင် ငွေစျေးဘယ်လောက်ပြောင်းပြောင်း စားသုံးကုန်တွေဟာ တာရှည်ခံမှု သက်တမ်းရှိတော့ ကုန်သည်ပွဲစားတွေလို အပြင်မှာ ငွေစျေးတက်လို့ ကိုယ်ကုန်စည်တွေကို လိုက်တက်မယ်ဆိုပြီးလည်း တင်းထားလို့မရဘူး။ ဒါကြောင့် စျေးရောင်းတတ်တဲ့ ဆိုင်တွေက အပြင်မှာ စျေးဘယ်လောက်တက်တက်၊ စျေးနှုန်းကို အနည်းငယ်လောက်ပဲ တင်ပြီး ရက်ကုန်ခါနီးတွေကို ထုတ်ရောင်းရတယ်။

ပြဿနာက ဘာလဲဆိုတော့ စျေးရောင်းသူတွေဟာ ငွေစျေး အတက်ချည်း ဖြစ်လာတော့ သူတို့ ဒီနေ့ ရောင်းပြီး နောက်နေ့ ပြန်ဝယ်ရတဲ့ စျေးတွေကြောင့် အရင်က မုန့် 10 ခုကို ဆိုင်မှာ ထားရောင်းနိုင်ရာကနေ မုန့်5ခုစာပဲ ဆိုင်ပေါ် တင်ရောင်းနိုင်တဲ့ အဖြစ်ရောက်ရတယ်။ ဘာလိုလဲဆိုတော့ ကျပ်ငွေ တန်ဖိုးကျလို့ အရင် 100ကျပ်ကို နှစ်ရာ ပေးဝယ်ရတော့ အရင် 1000ဖိုး ဆယ်ခုကနေ 5ခုပဲ ရတော့တဲ့ အဖြစ်မျိုး။

ဒါကြောင့် မြန်မာပြည်က လူအများ အခုလက်ရှိ ငွေတန်ဖိုးကျတာကို အကြီးအကျယ်ခံနေရတာ အဲဒီအချက်တွေကြောင့်ပဲ။ လူတွေကလည်း အရင် နှစ်ခု စားရာကနေ တခုကို လျှော့စားပေမဲ့ တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ ရတဲ့ လစာက မမျှတော့ အာဟာရ ပြည့်အောင်တောင် မစားရတော့ဘူး။ အိမ်ဆိုင် ကုန်စုံဆိုင်လေးတွေလည်း
ယနေ့ရောင်းရငွေသည် နောက်နေ့ သူတောင်းစားလုပ်ဖို့ ခွက်ဖိုး ကျန်ပါသေးတယ်ဆိုတဲ့ အဖြစ်ရောက်နေရပြီ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page