ရခိုင်ကမ်းခြေကို ရောက်လာတဲ့ အမျိုးအမည်မသိ တော်ပီဒိုကြီးရဲ့ ဇစ်မြစ်ကို သိရပြီ
ယနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိန်းမကြွယ်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် တော်ပီဒိုတစ်လုံးကို ဒေသခံများတွေ့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အဆိုပါ တော်ပီဒိုကို ယနေ့နံနက် သောင်တင်လျှက်တွေ့ ခဲ့ရပြီး ၎င်း အရာ၀တ္ထုပေါ်တွင်LWT-XT D&P Torpedo ဟု ရေးသားထားတာကို တွေ့ရှိရပါတယ်။
အဆိုပါ အမျိူးအမည် မသိ တော်ပီဒိုဟာ အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိကြောင်းနှင့် သဲသောင်ပြင်တွင် ရှိနေမှု အခြေအနေပတ်သက်၍ မာန်အောင်မြို့က သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးနေပြီး အသေးစိတ်များကို ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းရေပြင်မှာ စကစက လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည်မြင့်မားစေဖို့အတွက် ဆိုကာ ရေငုပ်သင်္ဘောစစ်ရေယာဉ် နှစ်စင်း၊ တခြားစစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် (Sea Shield-2022) ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင် ၍ လေ့ကျင်ခဲ့တယ်လို့ သိရပါတယ်။
နည်းပညာ အကြောင်းအရာတွေကို အမြဲ ဝေမျှပေးနေတဲ့ Tactical Raptor ပေ့ကတော့ အောက်ပါ အတိုင်း သုံးသပ်သွားပါတယ်- LWT ဆိုတာ Light weight torpedo D&P က Drill and Practice XP ကတော့ မသိသေးပါ လေ့ကျင့်ရေးသုံး dummy, practice torpedo ပါ။
လေ့ကျင့်ရေးဆိုပေမယ့် သတိထားပြီး အနားမကပ်တာ စိတ်ချရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယကနေ ရောင်းပေးထားတဲ့ Advanced Light Torpedo Shyena စီးရီးထဲက လေ့ကျင့်ရေး version ဖြစ်မယ်ထင်ပါတယ်။ ဒါကတော့ ခန့်မှန်းတာပါ။ (Tactical Raptor – RaptorOne)