လုပ်ပွဲတွေ များနေတဲ့ ရွှေ၊ ဒေါ်လာဈေးနဲ့ ရွှေတကျပ်သား ၃၅ သိန်း ပြန်ဖြစ်မယ့် အချိန်

ရွှေ၊ ဒေါ်လာကို သိမ်းချင်လို့ ဒီရက်ပိုင်း ကားစျေးကွက်ကို ဆွဲတင်ပြီး မြန်မာကျပ်ငွေ ပြန်မာလာသလို ပြန်ပြီး စျေးကွက်မှာ ကျပ်ငွေတွေ လည်ပတ်လာသလို လုပ်ပေးတဲ့ အရူးစျေးကွက်ဟာ ရေရှည်မှာ ကျပ်ငွေတန်ဖိုးကို မတရားကျစေမှာပါ။

ရေတိုမှာ ကျပ်ငွေတွေ ပြန်မာလာသလို ဟန်ဆောင်နိုင်ပေမဲ့ ကြာလေ ငွေကြေးတန်ဖိုးဟာ ကျလာပြီး စက္ကူတန်ဖိုးလောက်ကို ရောက်ဖို့ပဲ ရှိပါတယ်။

ကမ္ဘာရွှေစျေးဟာ ဒေါ်လာ ၁၇၀၀ အောက် ရောက်ပြီး ကျနေတာပါ။ ဒါပေမယ့် မြန်မာကျပ်ငွေတန်ဖိုး ဘယ်လောက်ကျနေလဲဆိုတာကို ဆေးစျေး၊ ဆန်ဆီစျေးနဲ့ စက်သုံးဆီစျေး၊ ကားစျေးတွေ ကြည့်ရင် မြင်သာလိမ့်မယ် ထင်ပါတယ်။

တိုင်းပြည်ပျက်နေတော့ ကျပ်ငွေတန်ဖိုးက နေ့စဉ်ကျနေတာကို ကားစျေးက ဒီရက်ပိုင်းမှာ သိသိသာသာ ပြနေတာပါ။ ဒီတော့ ရိုက်ထုတ်မရတဲ့ ဒေါ်လာစျေးက အတက်ကြမ်းတော့ ကမ္ဘာရွှေစျေးကျလည်း ပြင်ပမှာ ဒေါ်လာစျေးက ကမ္ဘာဒေါ်လာစျေးက တက်သထက် တက်နေတော့ ရွှေစျေးကို ဒေါ်လာစျေးနဲ့ ညှိထားတဲ့ မြန်မာရွှေက ကျဖို့ ခက်ပါတယ်၊ မြန်မာရွှေစျေးကျတယ်ဆိုရင်လည်း အဲဒါ လုပ်ပွဲပဲ ဖြစ်မှာပါ။

ဒေါ်လာဝယ်လိုအား များနေတာရယ်၊ ကမ္ဘာဒေါ်လာစျေးက မာနေတာရယ်ကြောင့် ရွှေစျေး သိန်း ၃၀ အောက်ကျဖို့ အတော်ခဲယဉ်းပါတယ်။ လုပ်ပွဲတွေ လုပ်လို့ စျေးခဏကျပြီးတာနဲ့ တိုင်းပြည်ပျက်နေလို့ကို ကျပ်ငွေတန်ဖိုးကျလို့ ရွှေစျေးက ၃၅ သိန်း အထိကို သူတန်ဖိုးအမှန်ကို ပြန်ရောက်မှာပါ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page