အသွင်ပြောင်း အီကြာကွေးနဲ့ လက်ဖက်ရည်ဆိုင်ရှင်တိုင်း သိထားသင့်တဲ့ အကြော်အိုး လျှို့ဝှက်ချက်

လက်ရှိအချိန်မှာ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ မနက်စာ အခန်းကဏ္ဍမှာ အဓိကနေရာက ပါဝင်နေတဲ့ အီကြာကွေး၊ စမူဆာနဲ့ တခြား အကြော်စုံတွေဟာ အကြောင်း အမျိုးမျိုးကြောင့် အရွယ်အစား၊ ပုံသဏ္ဍာန်တွေ ပြောင်းလဲ ကုန်ကြပြီ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးဆိုရာမှာ ရန်သူမျိုး ငါးပါး ကြောင့်သော်လည်းကောင်း၊ စားအုန်းဆီဈေး၊ ဓာတ်ဆီဈေး စတဲ့ အထွေထွေ ကုန်ဈေးနှုန်းကြောင့်သော်လည်းကောင်း ယခင်က ကြီးမားဖွံ့ထွားခဲ့ကြတဲ့ အီကြာကွေးနဲ့ စမူဆာတို့ဟာ ယခုအချိန်မှာတော့ “ဘုန်းကညာတပါး လုံးရာကနေ ပြားသလို” သွေးကွေးကြုံလှီတဲ့ အဖြစ်ကို ရောက်ရှိကုန်ကြပါပြီ။

မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ယခင်ဆိုက်အတိုင်းသာ ရောင်းချမယ်ဆိုပါက အီကြာကွေး တချောင်း ၁၀၀၀ နီးပါး ကျသင့်မှာ ဖြစ်တာကြောင့် ဆိုင်ရှင်တွေအနေနဲ့ လူတိုင်း ဝယ်စားနိုင်အောင် ဈေးကို မမြှင့်ဘဲ အရွယ်အစားကိုသာ သေးလိုက်တာကြောင့် ဘေဘီအီကြာထက်ပင် သေးငယ်ကာ မွေးကင်းစ နီတာရဲ အီကြာကွေး အဖြစ်သို့ ရောက်ရှိကုန်ကြပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေလည်း ကုန်ကျစရိတ် လျော့နည်းစေရန်နဲ့ စားသုံးသူတွေလည်း ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့အတွက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တိုင်း သိထားသင့်တဲ့ အကြော်အိုးကို သန့်စေစင်တဲ့ လျှို့ဝှက်ချက် နည်းလမ်းကို ဖော်ပြ လိုက်ပါတယ်-

လက်ဖက်ရည်ဆိုင်က အကြော်ဆရာများနှင့် ဆိုင်ပိုင်ရှင်များခင်ဗျာ။ ကျနော်တို့ နိုင်ငံမှာ လဘက်ရည်ဆိုင် (၁၀) ဆိုင်ဝင်ကြည့် (၉) ဆိုင်လောက်က အီကြာကွေး၊ စမူဆာ၊ အကြော်စုံ ကြော်တဲ့ ဆီတွေက အပူလွန်ပြီး ဆီရဲ့ အရည် အသွေး ကုန်ဆုံး နေတဲ့ အပြင် သေးငယ်တဲ့ အမှုန်လေးတွေ က မီးလောင်ကျွမ်းပြီး ဆီတွေက မဲတူးနေတာပဲ။ ဆီထဲမှာပါနေတဲ့ အမှုန် လေးတွေက ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်စေနိုင်ပါတယ် ကျနော် ပြောတဲ့ “ဆီတစ်ပိသာကို ကော်မှုန့် နို့ဆီဗူးတစ်ဗူးနှုန်းနဲ့ ကော်မှုန့်နဲ့ ရေကို မပျစ်မကျဲ (ကြွက်မြီးတန်းရုံ) ဖျော်ပြီး ဆီ အနေတော်ပူမှာ အပေါ်ကနေ တဖြေးဖြေးချင်း ဆီထဲ လောင်းချပါ ” မွှေပေးပါ။

(ကော်မှုန့်ဆိုတာ ပြောင်းဖူး၊ အာလူး နဲ့ ပီလောပီနံ အမှုန့်ကိုခေါ်တာပါ) ကော်ရည်ခေါက်ဆွဲ ချက်တဲ့အခါမှာ ထည့်တဲ့ ကော်မှုန့်ကို ပြောတာပါ။ မွှေတဲ့ ဂေါ်ကို အပျစ်ခဲကြီး လာကပ်ပါမယ်။ ဂေါ်နဲ့ ကြော်တဲ့ အိုးရဲ့ အတွင်းသားနေရာနဲ့ အတွင်း နံရံတွေကို ပွတ်တိုက်ပါ ဆီထဲက အမှုန်တွေက ကော်မှုန့်ကို အကုန် ပြေးကပ် ပါတယ်။ မဲနေတဲ့ ကော်မှုန့်အခဲကြီးကို ဆယ်ပြီး လွှင့်ပစ်ပါ။

ဒုတိယ အကြိမ် ထပ်လုပ်ပါက ဆီတွေဟာ ရေလို ကြည်လင်သွား ပါတော့တယ်။ လုပ်နည်း သိနေတာပဲ အများပြည်သူ ကျန်းမာအောင် လိုက်နာကြပါလို့ မေတ္တာ ရပ်ခံပါတယ်။ ကိုယ်တစ်ယောက် လိုက်နာလို့ လူ အယောက် ၁၀၀ ကျန်းမာရင် ကုသိုလ်လဲရ ဝမ်းလဲ ဝ ပါတယ် ဆိုင်ရှင်တွေ သိအောင် / ဝန်ထမ်းတွေသိအောင်ပါခင်ဗျာ။ အပြစ်ပြောတာမဟုတ်ပဲ ဝေဖန်ထောက်ပြတာပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page