မြန်မာ့စာပေလောကရဲ့ အဓိပတိကြီးတဦး (သို့) ဆရာကြီးမောင်သာနိုးရဲ့ ဘဝအကြောင်း

စာ​ရေးဆရာ၊ကဗျာဆရာကြီး​မောင်သာနိုးဟာ ဒီက​နေ့ ဝါဆိုလပြည့်​နေ့ ည​နေ ၆နာရီခွဲ အချိန်ခန့်က SSC ​ဆေးရုံမှာကွယ်လွန်သွားပြီလို့သိရပါတယ်။

ဆရာကြီး မောင်သာနိုးကို အဖ ဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၄ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ပါတယ်။ စစ်ကိုင်း အစိုးရအထက်တန်း ကျောင်းနှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါတယ်။ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နှင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။

ဆရာမောင်သာနိုးဟာ ထင်ရူးပင်ရိပ်စာအုပ်နဲ့ မော်ဒန်စာပေကို မြန်မာစာပေလောကမှာ မိတ်ဆက်ပေးခဲ့သူအဖြစ်ထင်ရှားသလို သူ့ရဲ့ “ကာလီနတ်သမီးသို့ တမ်းချင်း” ဆိုတဲ့ ကဗျာဟာလည်း အဲဒီအချိန်ကာလ လက်ဝဲဝါဒီတွေအကြား အတော်လေး ဂယက်ရိုက်ထင်ရှားခဲ့ပါတယ်။ မောင်သိင်္ဂါဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေရေးသားခဲ့သလို မောင်သာနိုးကလောင်နဲ့ မြန်မာစာအရေးအသား၊ ကဗျာသဘောတရားနဲ့ ကဗျာဝေဖန်ရေး၊ ဘာသာဗေဒနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှ မြန်မာစာနှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝကပင် စတင်၍ စာပေများ ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ်တွင်ရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာ၌ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့ပါတယ်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကစ၍ ရန်ကုန်သို့ ပြောင်းလာကာ မဂ္ဂဇင်းများတွင် စာပေများ ရေးသားခြင်းနှင့် စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ စာပေ အစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ ယခု လက်ရှိတွင် စာပေသင်ကြားခြင်း၊ စာအုပ်ထုတ်ဝေခြင်းနှင့် ဆောင်းပါး ရေးသားခြင်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တသက်တာဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဆရာကြီး ရေးသား ပြုစု ထုတ်ဝေခဲ့သော ထင်ရှားတဲ့ စာအုပ်များက​တော့ ၁။ ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆ ၂။ တောမှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆ ၃။ ဗမာစာ ဗမာစကား ၁၉၇၂ ၄။ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀ ၅။ ESSAYS & LETTERS ၁၉၉၂ ၆။ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ် ၁၉၉၂ ၇။ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄ ၈။ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄ ၉။ နိရောဓသစ္စာ ၁၉၉၆ ၁၀။ ခိုးစားတဲ့ သစ်သီး ၁၉၉၆

၁၁။ MIDDLE SCHOOL ENGLISH ESSAYS ၁၉၉၆ ၁၂။ ရေနီမြောင်းတေးသံ ကဗျာများ ၁၉၉၉ ၁၃။ ဘာသာပြန် လက်တွေ့ ၂၀၀၀ ၁၄။ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁ ၁၅။ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း) ၂၀၀၁ ၁၆။ လူထုကဗျာ ၂၀၀၂

၁၇။ ဘာသာပြန် လက်တွေ့ (၂) ၂၀၀၂ ၁၈။ ကဗျာခရီးသည် ၂၀၀၃ ၁၉။ နိုင်ငံရပ်ခြား ကဗျာ ခံစားမှုစာစု ၂၀၀၃ ၂၀။ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃ ၂၁။ ENGLISH THE EASY WAY ၂၀၀၃ ၂၂။ ENGLISH GRAMMAM FOR ALL ၂၀၀၇ တို့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page