မြန်မာ့ဗဟိုဘဏ်ရဲ့ မှော်ဆန်တဲ့ ကမ္ဘာ့အထူးဆန်းဆုံး ဒေါ်လာဈေးတွေကို ဒဲ့ဝေဖန်လိုက်တဲ့ ပညာရှင်တဦး

ရှေ့နောက်ဆီလျော်မှုမရှိသေ ာဗဟိုဘဏ်ဒေါ်လာထိန်းကြောင်းမှုများ။ ဗဟိုဘဏ် ရည်ညွန်းစျေး ၁ ဒေါ်လာ = ၂၁၀၀ ကျပ်။ ဗဟိုဘဏ် ခွင့်ပြုသည့် AD လိုင်စင်ရဘဏ်များရောင်းဝယ်ရမည့်စျေး ၁ ဒေါ်လာ = ၂၁၀၆ ကျပ် (အများဆုံး) (ရည်ညွှန်းဈေးရဲ့ အပေါင်းအနုတ် ၀.၃ ရာခိုင်နှုန်း)။

ဗဟိုဘဏ် ရွှေဒင်္ဂါးထုတ်ရောင်းသည့်ဈေး ၁ ဒေါ်လာ = ၃၂၀၀ ကျပ် ဝန်းကျင်ဖြင့် တွက်ချက်သည်။ တရားဝင်ခွင့်ပြုထားသော မှောင်ခိုဈေး ၁ ဒေါ်လာ = ၃၄၀၀ ကျပ်

သင်္ဘောသားလစာငွေဒေါ်လာများကို ဧရာဘဏ်က ဝယ်ယူမည့်စျေး အမြင့်ဆုံးစျေးပေးမည်ဟု ကြေညာထားပါသည်။ သင်္ဘောသားလစာငွေဒေါ်လာများကို ကမ္ဘောဇဘဏ်က ဝယ်ယူမည့်စျေး ၁ ဒေါ်လာ = ၃၀၀၀ ကျပ်။ ဆီတင်သွင်းခွင့်ရသူများကို ၃ လဆိုင်းဖြင့် ဗဟိုဘဏ်က ရောင်းပေးသည့်စျေး ၁ ဒေါ်လာ = ၃၀၇၀ ကျပ် (အတိုးပေါင်းပြီးဈေး)

သွင်းကုန်ပါမစ်များကို မိမိအစီစဉ်ဖြင့် ပြင်ပမှောင်ခိုစျေးဒေါ်လာဖြင့်ဝယ်ယူတင်သွင်းမည်ဆိုလျှင် ခွင့်ပြု၍ ဗဟိုဘဏ်မှ ရည်ညွှန်းစျေးဒေါ်လာကို ဝယ်ယူတင်သွင်းမည်ဟု လျောက်ထားလျှင် ခွင့်မပြုပါ။ ဗဟိုဘဏ်သည် မျက်လှည့်ပြသကဲ့သို့ ၁ ဒေါ်လာ၏ တန်ဘိုးကို အမျိုးမျိုးပြောင်းလဲအောင် ထိန်းကြောင်းနိုင်ပါသည်။

နိုင်ငံခြားကုမ္ပဏီ၏ မြန်မာပြည်တွင် စီးပွါးရှာ၍ ရလာသော ဝင်ငွေတဒေါ်လာသည် ၃၄၀၀ ကျပ်တန်၍ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၏ ဝင်ငွေတဒေါ်လာသည် ၂၁၀၀ ကျပ်သာ တန်ပါသည်။ ဗဟိုဘဏ်သည် စနစ်အမျိုးမျိုး၊ ဈေးအမျိုးမျိုး မူဝါဒ (multi-standard, multi-price policy) ကိုကျင့်သုံးသည့် အလုပ်မျိုးစုံကို တပြိုင်နည်တည်း (multi-tasking) လုပ်နိုင်သော အဖွဲ့အစည်းကြီးတခုဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်လှပါသည်။ (Thin Thin Nwe)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page