ဘဏ်တွေ ဒေဝါလီ ခံ/မခံ စာချုပ်နဲ့ အလောင်းအစား လုပ်မယ့်သူတဦးရဲ့ ပြောကြားချက် အပြည့်အစုံ

ဘဏ်တွေ အကြောင်း နည်းနည်း ပြောပြပါရစေ ဘဏ်တွေ ဒေဝါလီ ခံနိုင်လား မခံနိုင်ဖူးလားဆိုတဲ့ အဖြေ ကို ကျနော်တော့ လက်မခံပါ။ ဒေဝါလီ မခံနိုင်ပါ ဘာကြောင့်လဲ ဆိုတော့ ဘဏ်တစ်ဘဏ်ဖွင့်မယ်ဆိုရင် ဗဟိုဘဏ်မှာ စပေါ်ငွေ ၂ ဘီလီယံ (သန်း နှစ်ထောင်) စပေါ်တင်မှ ဘဏ်ခွဲတစ်ခု ဖွင့်လို့ရပါတယ်။

နောက်တစ်ချက်က ဘဏ် တစ်ဘဏ်က ဒေဝါလီခံရဖို့ နီးစပ်လာပီ ဆိုရင်လည်း ဘဏ်တွေ အကုန်လုံးက ဝိုင်းထိန်းပေးရပါတယ် မယုံရင် လေ့လာကြည့်ကြပါ လိုင်းပေါ်မှာ ဘဏ်တွေ ဒေဝါလီ ခံရတော့မယ် ပိုက်ဆံတွေ ထုတ်ကြ လို့ ပြောတဲ့သူတွေ ကြည့်လိုက်ရင် % ပွဲစားကြည့်ပါဘဲ ကြည့်ယုံကြပါ။

နောက်တစ်ချက် ဒေါ်လာ ကို အကြောင်းပြကြပါလိမ့်မယ် ဒါကတော့ အစိုးရပေါ်လစီ နဲ့ ဆိုင်ပါတယ် ဒေါ်လာတွေ ဘယ်ကထွက်လဲ ဆိုတာကို ပညာတတ်တဲ့သူတိုင်း သိပါတယ်။ ပေါများလှတဲ့ ဒေါ်လာ တွေ အကုန် ခရိုနီကြီးတွေ စကစ ဒေါက်တိုင်တွေစီကဘဲ ထွက်တာပိုများပါတယ် ဒါကို ဂရုစိုက်နိုင်ရင် နားလည်မယ်လို့ မျှော်လင့်ပါတယ်။

ဘဏ်ပြိုမယ်လို့ ထင်တဲ့သူတွေ နဲ့လည်း စာချူပ်စာတန်းနဲ့ ကျနော် နိုင်သလောက် အလောင်းအစား ပြုလုပ်ရဲပါတယ် စာချူပ်က အချိန် တစ်နှစ်ပါ။ ကျေးဇူးတင်ပါတယ်။ (Aung Thiha)

ထိုကဲ့သို့ ဘဏ်မပြိုဘူးလို့ အလောင်းအစားနဲ့ ပြောနေပေမယ့်လည်း ဒေါ်လာဈေးနဲ့ ရွှေဈေးတို့ တဟုန်ထိုး တက်လာပြီး မထိန်းနိုင်တဲ့ အခြေအနေ ဖြစ်လာကာ နိုင်ငံ့စီးပွားရေး ပြိုလဲသွားပြီ ဖြစ်တာကြောင့် နောက်ဆက်တွဲ အနေနဲ့ ဘယ်လိုဆိုးရွားတဲ့ ကိစ္စတွေ ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page