(၁၀) မိနစ်အတွင်း သင့်အိမ်မှာရှိတဲ့ ခြင် ၊ ယင် ၊ ကြမ်းပိုး ၊ ပိုးဟတ် အကုန်ပြေးစေတဲ့ နည်း
(၁၀) မိနစ်အတွင်း သင့်အိမ်မှာရှိတဲ့ ခြင် ၊ ယင် ၊ ကြမ်းပိုး ၊ ပိုးဟတ် အကုန်ပြေးစေတဲ့ နည်း…
သင့်ရဲ့အိမ်မှာ ခြင်၊ ယင်၊ကြမ်းပိုး ၊ပိုးဟတ်၊ဖြုတ်ကောင်တွေနှင့် အခြားမလိုလားအပ်တဲ့ အင်းဆက်တွေများနေလို့ စိတ်ပျက်နေရပြီလား? သင့်ရဲ့အိမ်မှာ ဒါမှမဟုတ်သင့်ရဲ့အခန်းမှာခြင်တွေ ယင်တွေ ကြမ်းပိုးတွေ ပိုးဟတ်တွေတ်ကောင်တွေနှင့် အခြားမလိုလားအပ်တဲ့ အင်းဆက်တွေများနေလို့ စိတ်ပျက်နေရပြီလား။
ပရုပ်လုံး ၂ လုံး ၃ လုံးလောက်ကို တစ်ရှုးစက္ကူနှင့်ပတ်ပြီး မီးရှို့လိုက်ပါ အမဲရောင် မီးခိုးတွေနှင့်အတူ တစ်ခန်းလုံး ပရုပ်နံ့တွေ ထွက်လာပါလိမ့်မယ်။
အခန်းတံခါးတွေကို ပိတ်ထားလိုက်ပါ။ လောင်ကျွမ်းပြီးချိန်မှ တံခါးတွေကိုဖွင့်ပေးလိုက်ပါ။ သူတို့အတွက် အသက်မသေပဲ ထွက်ပေါက်ပေးခြင်းပါ။ ခြင်ဆေးခွေ ထွန်းခြင်းက သင့်အိမ်မှာ ကလေးတွေအတွက် အန္တရယ်ရှိနိုင်သေးတယ်။ ပရုပ်လုံးလောင်ကျွမ်းချိန်ကတော့ ၁၀ မိနစ်မျှသာပါ။ ကလေးတွေ ရှိနေလျှင်အပြင်မှာ ခေတ္တရှောင်နေလိုက်ပေါ့။
တစ်နေ့ကို ၃ ကြိမ် ဖြင့် ၃ ရက် ရှို့မည်ဆိုလျှင် အားလုံး ပြေလည်သွားမှာပါ.. သင့်ရဲ့အဝတ်အထည်တွေမှာတောင် ပရုပ်နံ့ စွဲကျန်နေရစ်ခဲ့မှာပါ။ ကုန်ကျငွေ ဗမာငွေ ၂၀၀ မျသာပါပဲ။ ကြွက်တွေ အရမ်းသောင်းကြမ်းနေလျင်လည်း တွင်းဝမှာ လာရာလမ်းမှာ ချပေးထားလိုက်ပါ အလုံးလိုက်ပေါ့။ ကြွက်စိတ်ပျက်သွားတယ် “ဒီလမ်းထဲကို နောက်တစ်ခါဘယ်တော့မှ မလာတော့ဘူး” ဆိုတဲ့ လွှမ်းမိုးသီချင်းလိုပါပဲ။
သရက်ပင်တွေ အပွင့်ဝင်ပြီး ပြဒါးကြတယ်ဆိုလျှင် အသီး မတင်တော့ပါဘူး။ ဒါကြောင့် သရက်စိုက် ဥယျဉ်ပိုင်ရှင်တွေ အနေဖြင့် ပရုပ်လုံးကို အသီးအပွင့်ဝင်ချိန်မှာ အဝတ်စ ပါးပါးဖြင့်ထုပ်ပြီး သရက်ကိုင်းတွေမှာ လိုက်ချိတ်ပေးလိုက်ပါ။ ပရုပ်နံ့ကြောင့် ပြဒါး မကျနိုင်တော့ပဲ အသီးတင်ပြီး အောင်မြင်ဖြစ်ထွန်းမှာပါ။
လှမျိုးသန့် M.Sc (Chemistry)