မိသားစု စားရုံသာမက တပိုင်တနိုင်လုပ်ရောင်းနိုင်တဲ့ “ငါးအသား ဟင်းခတ်မှုန့်လုပ်နည်း”

မိသားစု စားရုံသာမက တပိုင်တနိုင်လုပ်ရောင်းနိုင်တဲ့ “ငါးအသား ဟင်းခတ်မှုန့်လုပ်နည်း”

သဘာဝ ဟင်းခပ်မှုန့်လေး ကိုယ်တိုင် လုပ်ကြမယ် ချစ်တို့ရေ့…. တကယ်ချိုပါတယ် ။ ဆား ၊သကြားဘာဆို ဘာမှ မထည့်ပဲ ငါးနဲ့ကြက်သွန်နီရဲ့ သဘာဝအချို ကို ယူထား ပါတယ် ။ ဒီနေ့ချက် တဲ့ ဟင်းထဲ ခပ်ကြည့်တာ အဆင်ပြေလို့ ဝမ်းသာပီတိ လဲဖြစ်ရတယ်ပြုလုပ်နည်း ကလဲ လွယ်ကူလို့ချစ်ရတဲ့ အိမ်ရှင်မတွေအတွတ်မျှဝေပေးလိုက်ပါတယ်ရှင်

မင်္ဂလာနေ့လယ်ခင်းပါ ငါးရွှေငါးနဲ့ပြုလုပ်ထားတဲ့ သဘာဝဟင်းခပ်မှုန့်ပါရှင် ။

ပုံမှန်ချက်နေကျဟင်းတွေအတွတ်ငါးအသားမှုန့်နဲ့ ဟင်းခါးတွေထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့သဘာဝငါးအသားမှုန့်ပါရှင် ငါးရွှေငါးကိုသုံးထားပါတယ် အချိုမှုန့်အစားထိုးသုံးမှာမို့ငါးကိုအချိုလေးတဲ့အညှီနံ့ကင်းတဲ့သဘာဝငါးတွေအသုံးပြုစေချင်ပါတယ် ။

ပထမတော့ပလာတူး(ငါးသေတ္တာ)ငါးကိုအသုံးပြုဖို့စဉ်းစားပါတယ် ငါးသေတ္တာငါးက အညှီလဲကင်းသလိုအရမ်းလဲချိုပါတယ် ။ ဒါပေမယ့်အဲ့ဒီ့ငါးတွေကသွေးလေးစေတတ် လို့ငါးရွှေငါးကိုအသုံးပြုထား ပါတယ် ဒီငါးရွှေငါးတစ်ကောင် ကို၁၅၀၀၀ပေးရ ပါတယ် ။ ၈၀သါးအကောင်လောက်ရှိပါတယ် အဓိကလတ်ဆတ်ဖို့လိုပါတယ် အနံ့မကောင်းတဲ့ငါးဆိုရင်ညှီနံပြင်းလွန်းပါမယ် ။

ငါးကိုစိတ်ကြိုက်တုံးတစ်လို့ရပါတယ် ပန်းခရေကတော့အကျက်မြန်အောင်လွှာထားပါတယ် ။ ရေနွေးပွက်ပွက်ဆူအောင်တည်ပါ ရေနွေးဆူလာရင် ငါးတွေကိုဇကာနဲ့ထည့်ပေါင်းပါရှင် ပြုပ်လဲရပါတယ် ပေါင်းထားတဲ့ငါးတွေကျက်ပြီဆိုရင်တော့ ။ အရိုးနဲ့အရေခွံဖယ်ပြီးအသားတွေကိုချေထားပါ သဘာဝဟင်းခပ်မှုန့်ကိုပိုလို့မှချိုအောင်လို့ကြက်သွန်နီကိုလဲသုံးပါမယ် ။

ကြက်သွန်နီဥကြီးကြီး၁၀လုံးကိုလေးစိပ်ထိုးထားပါ ကြက်သွန်ဖြူဗမာဥ၅ကျပ်သားကိုလဲကြက်သွန်ဖြူတစ်တက်ကို၂ခြမ်းခြမ်းထားပါ ။ ပြီးရင်တော့အခြောက်ခံပါမယ်ရှင် ဒီနေရာမှာပန်းခရေရှင်းပြချင်တာလေးရှိပါတယ် အခြောက်ခံတာကိုစက်ရှိမှခြောက်လို့ရတာမဟုတ်ပါဘူးရှင် နေပူပူမှာအခြောက်ခံလဲရပါတယ်

မီးသွေးနဲ့ချက်တဲ့သူဆိုနောက်ဆုံးကျန်တဲ့မီးငွေ့ငွေ့နဲ့ဗန်းကြီးကြီးထဲထည့်တင်ထားလို့လဲရပါတယ် Ovenရှိရင်လဲမီးအားအနည်းဆုံးနဲ့အခြောက်ခံလို့ရပါတယ် အဓိက ကသဘာဝဟင်းခပ်မှုန့်ကိုပြုလုပ်မှာပါ ။ မိမိမီးဖိုဆောင်ကအသုံးပြုလို့ရတဲ့ဘယ်လိုအရာနဲ့ပဲဖစ်ဖြစ်အခြောက်ခံလို့ရပါတယ် အခြောက်ခံစက်ရှိမှမဟုတ်ပါဘူးနော်ချစ်တို့ရေ့…

သွေ့နေအောင်ခြောက်ပြီဆိုရင်တော့ရပါပြီ အခြောက်ခံတဲ့အခါကြက်သွန်နီနဲ့ငါးကတော့အခြောက်မြန်ပါတယ် အစေးဓာတ်ပါတဲ့ကြက်သွန်ဖြူကိုတော့အနည်းငယ်စိတ်ရှည်စွာ အခြောက်ခံရပါတယ်

ရပြီ အားလုံးခြောက်ပြီ ငါးလဲသွေ့နေအောင်ခြောက်ပြီ ကြက်သွန်ဖြူနဲ့ကြက်သွန်နီလဲသွေ့နေအောင်ခြောက်ပါပြီ ဒါဆိုရင်တော့ ပန်းခရေတို့ကခြောက်နေပြီဖြစ်တဲ့ငါးအသားတွေ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့စိတ်ရှည်ရှည်လှော်ပါမယ်။ မီးလုံးဝအေးနေဖို့တော့လိုပါတယ် မီးဘယ်လောက်အေးမလဲဆိုရင်ဘယ်အချိန်ဒယ်အိုးထဲကလှော်နေတာတွေကိုဆုပ်ကိုင်ကိုင် ကိုင်နိုင်လောက်အောင်အေးတဲ့မီးအရှိန်နဲ့လှော်ပါမယ်

ဒီလိုလှော်တာကအကြာကြီးသိမ်းမယ့်အရာမို့မှိုမတက်တာပိုသေချာစေတယ် ပြီးတော့အရမ်းပဲမွှေးသွားပါတယ် မွှေးမွှေးလေးဖြစ်သွားတယ် ဒီအဆင့်ကိုကျော်ပြီးခြောက်တာနဲ့တန်းကြိတ်လဲရပါတယ် လှော်လိုက်တော့ပိုကြွပ်ပြီးမွှေးမွှေးလေးဖြစ်သွားတယ် ဒါဆိုရင်တော့ ကြိတ်ပါမယ် ဒီလို powder အမှုန့်ဖြစ်သွားတဲ့အထိကြိတ်ရပါမယ် ။ ဒါလေးကတော့အရေးကြီးပါတယ် ညက်ညက်ကလေးပေါင်ဒါမှုန့်လို ပြီးတော့ကြိတ်တဲ့စက်၊ထည့်မယ့်ပန်းကန်လုံး၊ဇွန်း၊မိမိလက်၊စားပွဲ စတာတွေဟာသန့်ရှင်းခြောက်သွေ့နေရပါမယ်..

အစိုဓာတ်လုံးဝရှိမနေရပါဘူး တာရှည်ခံဆေးလုံးဝမပါပဲသဘာဝအတိုင်းပြုလုပ်ထားတာမို့မှိုမတက်နိုင်အောင်သေချာဂရုစိုက်ဖို့တော်တော်လေးလိုအပ်ပါတယ် ။ အကြာကြီးထားသုံးရမှာ မို့သဘာဝတော့ဖြစ် ပါတယ် ဒါပေမယ့်မသိလိုက်ချိန်မှိုတက်နေရင်လဲကြီးမားတဲ့အန္တရာယ်ပါ ပဲချစ်တို့ရေ့ ဒါ့ကြောင့်သေချာ ဂရုစိုက်ပါရှင် ။

ရလာတဲ့ငါးအသားမှုန့်တွေကိုပိုလို့မှညက်သွားအောင်ဇကာချပါမယ် ဒီလိုသိပ်မကြေသေးတဲ့ အဖတ်တွေကျန်ပါမယ် ဇကာချလိုက်ရင်တော့ဒီလိုညက်နေတဲ့ ငါးအသားမှုန့်ရပါပြီ ။ သိပ်မမကြေပဲကျန်နေတဲ့ငါး အသားမှုန့်တွေထပ်ကြိတ်ပြီး ထပ်ဇကာချပါ တစ်ဝက်လောက်ကြိတ်ပြီးသွားရင် ကျန်တစ်ဝက် ကိုလှော်ထားတဲ့ ငရုတ်ကောင်းမွှေးမွှေးလေးထည့်ကြိတ်ပါ ညက်အောင်ကြိတ်ပါ ဇကာချပါ ရပါပြီရှင် သဘာဝငါးအသားမှုန့် ငရုတ်ကောင်းမပါတာတစ်ပုလင်းနဲ့ ငရုတ်ကောင်းထည့်ထားတာတစ်ပုလင်း…

အသားတွေငါးတွေကိုငါးအသားမှုန့်ထည့်ပြီးနယ်နှပ်ထားနိုင်ပါတယ် ဟင်းထဲကိုလဲအချိုမှုန့်အစားထိုးအဖြစ်သုံးနိုင်ပါတယ် သတိထားရမှာကတော့မှိုမတက်အောင်ဇွန်းသန့်နဲ့ခပ်ပါ…

ရေခဲသေတ္တာအအေးခန်းထဲပုလင်းအဖုံးသေချာဖုံးပြီးထည့်သိမ်းပါပြီးတော့အဓိကအကျဆုံးသတိထားရမှာကပုလင်းထဲကိုခပ်ထားတဲ့ဇွန်းကိုပုလင်းထဲအမြဲထည့်မထားပါနဲ့…

ခပ်ပြီးတဲ့ဇွန်းကိုပြန်နှုတ်ပြီးမှ အဖုံးဖုံးပါနော် ဟင်းချက်နေတဲ့လက်ဆိုတာဆီလဲပေနေနိုင်တယ်ရေတွေနဲ့လဲစိုနေနိုင်တာမို့ကိုင်ထားတဲ့ဇွန်းကိုပုလင်းထဲထည့်မထားသင့်ပါဘူး.. ဇွန်းနဲ့ခပ်ပြီးတိုင်းဇွန်းထုတ်ပြီးမှသေချာအဖုံးပိတ်သိမ်းပါရှင်…

Pan Kankayae

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page