ရန်ကုန်မြို့ တနေရာက အရမ်း ထူးဆန်းလွန်းတဲ့ ငါးခြောက်လှန်းရာ နေရာ

ရန်ကုန်မြို့ တနေရာက ထူးဆန်းလွန်းတဲ့ ငါးခြောက်လှန်းရာ နေရာ

ယင်ကောင်ဆိုတာ သားစိမ်းငါးစိမ်းနဲ့ အညှီရှိရင် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရောက်လာတတ်တဲ့ အင်းဆက်သတ္တဝါမျိုးပါ။

အထူးသဖြင့် ငါးနဲ့ ပုစွန်တွေကို အခြောက်လှန်းတဲ့အခါ ယင်ကောင်တွေက အုပ်လိုက် ရောက်လာလေ့ ရှိပြီး လှမ်းထားတဲ့ ငါးပုစွန်တွေကို စားယူခြင်း၊ ဥချန်ထားခဲ့ခြင်း စတာတွေကြောင့် ပျက်စီးဆုံးရှုံး ရလေ့ ရှိပါတယ်။

အဲဒါကြောင့် သားငါး အခြောက်လှန်းရာမှာ ယင်မနားစေဖို့ လုပ်ငန်းရှင်တွေက နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ကြရပါတယ်။ ပစ္စည်းကိရိယာတွေ၊ ယင်မနားဆေးတွေ သုံးပြီး ယင်ကောင်တွေ မလာအောင် ပြုလုပ်လေ့ ရှိပါတယ်။

မြန်မာပြည်မှာတော့ ယခုနောက်ပိုင်း ယင်မနားဆေးဆိုတဲ့ ဆေးတွေ ခေတ်စားလာပါတယ်။ အဲဒီဆေးကို သတ်မှတ်တဲ့ အချိုးအစားအတိုင်း ရေနဲ့ရောပြီး ငါးခြောက်တွေပေါ် ဖျန်းထားလိုက်ရင် ယင်ကောင် လုံးဝ မလာစေတဲ့ ဆေးဖြစ်ပါတယ်။

အဲဒီဆေးက သူ့အညွှန်းအတိုင်း သုံးစွဲရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာတွေရဲ့ ထုံးစံအတိုင်း တခုခုဆို အလွန်အကျွံ သုံးစွဲလိုက်ကြတာမှာ အခုဆိုရင် ငါးခြောက်လုပ်ငန်းတိုင်းလိုလိုမှာ သုံးစွဲနေကြပါပြီ။ ပေါက်ဖော်နိုင်ငံကြီးကလည်း ခွင့်ပြုချက် ရတာတွေရော၊ မရတာတွေရော အားလုံးသွင်းပေးနေပါတယ်။

ပုံထဲမှာ ဖော်ပြထားတာကတော့ ရန်ကုန်မြို့တနေရာမှာ လှန်းထားတဲ့ ငါးခြောက်တွေပဲ ဖြစ်ပါတယ်။ ထူးဆန်းတာတခုက ငါးခြောက်တွေ အများကြီး လှန်းထားပေမယ့် ယင်ကောင် တကောင်မှ မရှိတာကို တွေ့ရတာ ဖြစ်ပါတယ်။ ပြီးတော့ လှန်းထားတဲ့ ငါးခြောက်အကောင်ကြီးတချို့ကလည်း နေဒီလောက်လှန်းထားတာတောင် အနီရောင် ရဲရဲတောက်နေတာဆိုတော့ ဆိုးဆေးတွေ ဘယ်လောက်တောင် သုံးထားတယ်ဆိူတာ မခန့်မှန်းနိုင်တော့ပါဘူး။

ကျွန်တော်တို့ နေ့စဥ်စားနေတဲ့ အစားအသောက်တွေမှာ ဒီလို ဓာတုဗေဒဆေးတွေ အများပြား ပါဝင်နေတာကြောင့် မြန်မာလူမျိုးတွေမှာ ရောဂါဘယထူပြောပြီး ကျန်းမာရေးအတွက် အကုန်ုအကျ များနေကြတာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း ကိုယ် အမြတ်ရဖို့ တခုထဲ မကြည့်ဘဲနဲ့ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် ကျန်းမာချမ်းသာပြီး အဆင်ပြေအောင် လောဘတွေ လျှော့သင့်ပါပြီလိူ့ တိုက်တွန်းလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page