သင့်စိတ်ထဲမှာ မရှိမဖြစ် ထည့်ထားရမယ့် ငမန်းတကောင် (ဂျပန်ငါးဖမ်းသမားတွေ ပေးတဲ့ ဘဝသင်ခန်းစာ)

ဂျပန်လူမျိုးတွေဟာ ငါးကို အလွန်ကြိုက်ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါးမရှိဘူး။ ဒါကြောင့် ဂျပန်တံငါသည်ဟာ နိုင်ငံနဲ့ အတော်ဝေးဝေးက ပင်လယ်ပြင်မှာ ငါးတွေကို ပိုက်ကွန်နဲ့ သွားဖမ်းကြတယ်။

ဖမ်းမိတဲ့ ငါးတွေကို လှေတွေရဲ့ ဝမ်းဗိုက်တွေမှာ ထည့်ထားကြတယ်။ ငါးဖမ်းလှေတွေ ရက်အတန် ကြာမှာ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ ဖမ်းလာတဲ့ ငါးတွေအားလုံး သေကုန်ကြပြီ။ ဂျပန်လူမျိုးတွေဟာ သေနေတဲ့ ငါးတွေကို မစားကြဘူး။

ဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်ငါးဖမ်းသမား တွေဟာ ရေခဲတွေထည့်ထားတဲ့ သေတ္တာတွေကို လှေတွေပေါ်မှာ တင်ပြီး ပင်လယ်ပြင်မှာ ငါးသွား ဖမ်းကြပြန်တယ်။ ဖမ်းလို့ ရတဲ့ ငါးတွေကို သေတ္တာတွေထဲမှာ ရေခဲစိမ်ထားလိုက်ကြတယ်။

ဂျပန်လူမျိုးတွေဟာ လတ်လတ်ဆတ်တတ် မဟုတ်တဲ့ ရေခဲစိမ်ငါးတွေရဲ့ အရသာကို မကြိုက်ကြဘူး။ ရေခဲစိမ်ငါးတွေဟာ လတ်လတ်ဆတ်ဆတ် ငါးတွေလောက် စျေးမရကြဘူး။ ဒီတစ်ခါမှာ ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေကြီးတွေပေါ်မှာ ငါးတွေ ထည့်ဖို့ ရေတိုင်ကီကြီးတွေ တင်ပြီး ပင်လယ် ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။

ဖမ်းမိတဲ့ ငါးအရှင်တွေကို ရေဖြည့်ထားတဲ့ တိုင်ကီတွေထဲမှာ ထည့်ထားလိုက်ကြတယ်။ ငါးတွေဟာ ရေတိုင်ကီတွေထဲမှာ ရေကူးခတ် နေကြပေမယ့် ရက်အနည်းငယ်ကြာတော့ မောပန်းပြီး ရေမကူးကြတော့ဘဲ တိုင်ကီထဲမှာ ငြိမ်နေကြတယ်။

ဂျပန်နိုင်ငံရောက်တော့ ငါးတွေ မသေကြပါဘူး။ ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ရက်အတန်ကြာ မလှုပ်မရှက် ငြိမ်နေကြတဲ့ ငါးတွေရဲ့ အရသာကို သိကြတယ်။ အဲဒီငါးတွေကို လူတွေ မကြိုက် ကြလို့ စျေးကောင်းကောင်းမရဘူး။

ရေခဲစိမ်ငါး၊ ရေထဲမှာ မလှုပ်မယှက် ငြိမ်နေတဲ့ ငါးတွေကို မကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေအတွက် ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ ဘယ်လိုလုပ်ရမလဲ။ တွေးတောကြံဆကြရင်း နောက်ဆုံးမှာ အဖြေကို ရှာတွေ့လိုက်ကြတယ်။

ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေတွေပေါ်မှာ အရင်လိုပဲ ရေတိုင်ကီကြီးတွေ တင်ဆောင်ပြီး ပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။ ဖမ်းမိတဲ့ ငါးတွေကို အရင်လိုပဲ ရေတိုင်ကီကြီးတွေထဲမှာ ထည့်ထားလိုက်ကြတယ်။

ဒီတစ်ခါတော့ ရေတိုင်ကီထဲက ငါးတွေဟာ ရက်အတော်ကြာအထိ မရပ်နား ကူးခတ် နေကြပါတော့တယ်။ ဘာဖြစ်လို့လဲ။ ရေတိုင်ကီတိုင်းမှာ ငါးမန်းအသေးစားလေး တစ်ကောင်စီ ထည့်ထားပေးတယ်။ ငါးမန်းဟာ တိုင်ကီထဲ ရောက်လာတဲ့ ငါးလေးတွေ အနည်း ငယ်စားသောက်ပြီး ဗိုက်ဝလို့ တိုင်ကီထဲမှာ လှည့်ပတ်ကူးခတ်နေတယ်။

တိုင်ကီထဲက ငါးတွေဟာ ငါးမန်းကို ကြောက်လို့ တိုင်ကီတွေထဲမှာ မရပ်မနား ကူးခတ်နေကြတယ်။ စက်လှေတွေ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ လတ်ဆတ်ပြီး လှုပ်ရှားကူးခတ်နေကြတဲ့ ငါးတွေရဲ့ အရသာကို ဂျပန်တွေ အလွန်ကြိုက်လို့ စျေးကောင်းရကြတယ်။

ကျွန်တော်တို့လည်း ရက်အတန်ကြာမှာ မကူးခတ် မလှုပ်ရှားကြတဲ့ ရေတိုင်ကီထဲက ငါးတွေလို ဖြစ်လာတတ်ကြပါတယ်။ ဘဝမှာ ကြိုးစားမှုမလုပ်ကြတော့ဘဲ ရှိတာလေးနဲ့ တင်းတိမ်ကျေနပ်ပြီး နေနေကြတယ်။ ဒါကြောင့်လည်း ဘဝမှာ တိုးတက်အောင်မြင်မှု မရကြတော့ဘူး။

အသက်ကြီးလာတော့ နေစရာ စားစရာမရှိတဲ့ ဘဝရောက်မှ ငါ ငယ်ငယ်က မကြိုးစားခဲ့လို့ပဲ ဆိုပြီး နောင်တရတတ်ကြတယ်။ အဲဒီလို မဖြစ်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ ငါးမန်းတစ်ကောင် ထည့်ထားပေးသင့်ပါတယ်။

အဲဒီငါးမန်းဆိုတာ ဥပမာပါ။ သင့်ကို ပျင်းရိ ငြီးငွေ့ပြီး သက်သာသလို နေတတ်တဲ့ စိတ်ကို ကြိုးစားရုန်းကန်စေမယ့် လှုံဆော်မှု ပေးခြင်းကို ပြောတာပါ။ စိတ်ကို ဘယ်လို လှုံ့ဆော်ပေးရမလဲ။ သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။

(၁) ငါ ဘာအတွက် လူဖြစ်လာတာလဲ။ လောကကြီးကို ကောင်းကျိုးပြုဖို့လား။ ဆိုးကျိုးပေးဖို့လား။

(၂) ငါ လောကကြီးနဲ့ လူသားတွေအတွက် ဘာလုပ်ပေးရမလဲ။ ငါ့နိုင်ငံ ငါ့လူမျိုးတွေအတွက် ငါဘာတွေ လုပ်ပေးနိုင်သလဲ။

(၃) ငါသေသွားရင် ငါ့ပတ်ဝန်းကျင်က ငါ့အကြောင်း ဘာပြောကြမလဲ။ အကောင်း ပြောကြမလား။ အဆိုးပြောကြမလား။ ဒါမှမဟုတ် မွေးဖွားလာစဉ်ကနေ သေဆုံးသွားချိန်အထိ ဘယ်သူမှ သတိမထားမိတဲ့ လူတစ်ယောက်လား။

Naung San

Leave a Reply

Your email address will not be published.

x

You cannot copy content of this page