စကစရဲ့ ပေါချောင်အောင်ဆယ်တန်းစာမေးပွဲကို ဝင်မဖြေခဲ့တဲ့ ကျောင်းသားပေါင်း ၇ သိန်းကျော်ခန့်ရှိ

လုံးဝလေးစားရတဲ့ ကိန်းဂဏန်းပါ စစ်မက်မပြင်းထန်သေးတဲ့ ရန်ကုန် မန္တလေးအပါအဝင် မြို့ပြတွေမှာ နေထိုင်ပြီး ဆယ်တန်းစာမေးပွဲကို ဝင်မဖြေခဲ့တဲ့ကျောင်းသား/သူ မိဘအားလုံး လုံးဝ respect ပါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆယ်တန်းဝင်မဖြေခဲ့ကြတဲ့ ကျောင်းသား/သူ မိဘအားလုံး တကယ့်ကို လေးစားရပါတယ်။

ဆယ်တန်းစာမေးပွဲကို တရားဝင် နောက်ဆုံးဖြေဆိုခဲ့တဲ့ ၂၀၁၉-၂၀ အချက်အလက်တွေအရကတော့ ၂၀၁၉-၂၀ မှာ တနိုင်ငံလုံးဆယ်တန်းဖြေသူ ကျောင်းသား ၉၁၀၂၂၉ ဦး ရှိတယ် စစ်ကောင်စီလက်ထက် မှောင်ခို ကျင်းပတဲ့ ဆယ်တန်းဖြေဆိုသူ ကျောင်းသား ၂၈၁၇၅၁ ဦးပဲ ရှိတယ်။

၂၀၁၉-၂၀ မှာ အောင်မြင်သူက ၂၉၁၇၉၈ ဦးရှိတယ် ဒါဆိုရင် ၂၀၁၉-၂၀ မှာ ဖြေတန်းပြန်ဖြေဖို့ ကျောင်းသား ၆ သိန်းကျော်ရှိ ဒါပြင် ၂၀၁၉-၂၀ မှာ ကိုးတန်းအောင် ဆယ်တန်းတက်မယ့်ကျောင်းသားဦးရေ အတိအကျ မသိပေမယ့် အနည်းဆုံးက သိန်းချီရှိနေမှာတော့ ေ-သချာပါတယ်။

ယေဘုယျတွက်ကြည့်ရင် ၂၀၂၁-၂၂ ဆယ်တန်းဖြေဆိုရမယ့် ကျောင်းသား အရေအတွက် အနည်းဆုံး ၉ သိန်းအထက် ဘယ်လိုဖြစ်ဖြစ် ကျော်နေမှာဖြစ်တယ် စစ်ကောင်စီလက်ထက် ဆယ်တန်းဖြေသူ ၂၈၁၇၅၁ ဦးပဲ ရှိခဲ့တယ် ပြောရမယ်ဆိုရင် ၃၀% နီးပါးပဲ ဝင်ဖြေခဲ့တယ်ဆိုတဲ့သဘောပါ။

ဒါကြီးကတော့ တနိုင်ငံလုံးမှာ မဖြေဆိုခဲ့တဲ့ ကျောင်းသားတွေနဲ့ မိဘတွေကို အထူးပဲ လေးစားဦးညွှတ်မိတဲ့ ကိန်းဂဏန်းပဲဖြစ်တယ် ဒါပြင် ရန်ကုန် မန်းလေး ၂၀၁၉-၂၀ မှာ ဆယ်တန်းဖြေဆိုသူအရေအတွက်က တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ကြတယ်။

၂၀၂၁-၂၂ မှာ ဖြေဆိုသူ သုံးသောင်း သုံးထောင်ကျော်လောက်ပဲ ရှိခဲ့တယ် လူပြောများနေတဲ့ ဧရာဝတီတိုင်းတောင် ၂၀၁၉-၂၀ မှာ ဆယ်တန်းဖြေဆိုခဲ့သူ ၉၅၀၀၀ နီးပါးရှိတယ်။ ၂၀၂၁-၂၂ မှာ ဆယ်တန်းဖြေသူ ၃၇၂၃၇ ပဲ ရှိခဲ့တယ် ။ ချင်းဆို အရင်ဖြေဆိုသူ သောင်းကျော် အခု ဖြေဆိုသူ ၂ ထောင်ကျော်ပဲရှိ ကယားဆို အရင်ဖြေဆိုသူ ၈၀၀၀ နီးပါး အခုဖြေသူ ရာဂဏန်းလောက်ပဲရှိခဲ့ စစ်ကိုင်းဆို အရင်ဖြေသူ သိန်းကျော်ကနေ တသောင်းကျော်ပဲ အရေအတွက်ရှိခဲ့ ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ % အရ အတော် ကွာခြားခဲ့ပါတယ်။

ဒီကိန်းဂဏန်းအချက်အလက် ကြည့်ရင် ပြည်သူဟာ စစ်တပ်ကို ရွံရှာမုန်းတီးပြီး စစ်အုပ်ချုပ်ရေးအောက် နေသားမကျတာ တော်လှန်ရေးစိတ်ဓါတ်ပြင်းထန်ဆဲဆိုတာ မြင်သာတဲ့ ကိန်းဂဏန်းလို့ပဲ ခံစားရတယ် ကျောင်းသား/သူ မိဘအားလုံး respect ပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page