လခ သိန်း ၃၀ ရမယ့်အလုပ်များအတွက် မြန်မာလုပ်သားများကို တောင်ကိုရီးယား ဆက်တိုက်ခေါ်ယူ

စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်သားအသစ် အယောက် ၁၀၀ အပါအဝင် တောင်ကိုရီးယားက မြန်မာလုပ်သား ၁၃၀ ထပ်ခေါ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည် လက်ခံလျက်ရှိရာ ယနေ့ မေလ ၂၄ ရက်နေ့တွင် Re-entry လုပ်သား (၃၀) ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၅၀) ဦး နှင့်စိုက်ပျိုး‌ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မယ့်လုပ်သားသစ် (၅၀) ဦး စုစုပေါင်း (၁၃၀) ဦး တို့ ထပ်မံခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မြန်မာလုပ်သားမှ ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို့လည်း သံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာလုပ်သားတွေကို တောင်ကိုရီးယား အစိုးရက မေလဆန်းကတည်းက ပြန်လည် ခေါ်ယူနေတာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာ ၂၀၂၂ခုနှစ်အတွက် အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီလျှင် ၉၁၆၀ ဝမ် ရရှိကာ တစ်လလုပ်ခလစာ ဝမ် သိန်း ၂၀ (မြန်မာငွေ သိန်း ၃၀) ခန့် ရှိနေသည့်အတွက် သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားဦးရေ နှစ်စဉ်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည် စီးပွားရေး ပြိုလဲနေတာကြောင့် အလုပ်အကိုင်များ ရှားပါးလျက်ရှိပြီး ငွေဝင်များ လျော့ကျလျက်ရှိပါတယ်။ အဲဒါကြောင့် လူငယ်တွေအနေနဲ့ ပြည်ပမှာ သွားရောက် လုပ်ကိုင်ကြဖို့ ဆန္ဒပြင်းပြလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်များ အလွန်ရှားပါးနေတာကြောင့် မြန်မာလူငယ်တွေအနေနဲ့ ပင်ပန်းပေမယ့် လစာကောင်းကောင်း ရတဲ့ တောင်ကိုရီးယားနိုင်ငံက အလုပ်တွေကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page