ရန်ကုန်မြို့ကြီး ထိတ်လန့်သွားရတဲ့ ငလျင်နိမိတ် (အတိတ်တဘောင် နိမိတ်ဆောင်တော့မှာပါ)

“ရန်ကုန်မြို့ကြီးလှုပ် သွားတဲ့ ငလျင်” အခုနေ့နံနက် (၇) နာရီ (၃၉) မိနစ်တွင် လှုပ် ခတ်ခဲ့တာဖြစ်ပါတယ်။ အခုရက်ပိုင်းလည်း ထပ်မံသတိပြုသင့်ပါတယ်။

“ယတြာက ဘုရားစေတီများရှိ ခေါင်းလောင်းများကို “ဏဘရံ” ဟု “၁၀” ခေါက် ရွတ်ဆို ခေါင်း လောင်းထိုးပေးရမှာ ဖြစ်ပါတယ်။ တိုင်းပြည်၏ အထင်ကရ မြို့ရွာတို့တွင် အထိတ်တလန့်သိသိသာသာလှုပ်ခတ်သော ငလျင်တို့သည် အနာဂါတ်ဖြစ်မည့် နိမိတ်တို့ကို ရည်ညွှန်းနေတတ်ပါတယ်။

ငလျင်လှုပ်တဲ့နေ့ = အင်္ဂါ ငလျင်လှုပ်တဲ့လဂ် = မေထုန် ငလျင်လှုပ်တဲ့လ = ဝါဆို ငလျင်လှုပ်ခတ်ချိန် ကောင်း ကင်တည့်တည့်ဒီဂရီ (ဝါ) ကမ္မ ၁၀ တန့်ဘာ၀တွင် “ကြာသပတေးဂြိုဟ်” တည်ရှိနေပြီး ၊ လဂ်တွင် တနင်္ဂနွေဗုဒ္ဓဟူးပူးတွဲထားသဖြင့်

နိူင်ငံအတွင်း ထိပ်ပိုင်းဆိုင်ရာ အချို့ရာထူးနေရာ အလှည့်အပြောင်းများ ၊ ဘာသာရေးဆိုင်ရာ ပြဿနာများ ၊ ဘာသာရေး ဆိုင်အထင်ကရပုဂ္ဂိုလ် ဆရာတော်ကြီးအချို့၏ ကျန်းမာရေးအခြေနေ များသတိပြုရပါမယ်။

ယခင်နှစ်ထဲက ကြိုတင်ဟောထားသလို ပြည်တွင်းတိုက်ပွဲ အခြေနေမြင့်မားလာခြင်းများ ဖြစ်ပေါ်လာနိူင်သလို ”၂၀၂၂” ခုနှစ် သဘာ၀အန္တာရာယ်ဆိုး များလည်းအထူးသတိပြုရန် လိုအပ်ပါတယ် Dr.ရဲဇော်(ဇီးကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page