မြန်မာ့ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက် လုံးဝပျက်စီး၊ ပြည်သူများ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေ

ကမ္ဘာ့ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုဘဏ္ဘာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATFက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက် ဒေါ်လာဈေး တဟုန်ထိုးမြင့်တက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဈေးကွက် မဖွင့်နိုင်​တော့ကြောင်းငွေကြေးဈေးကွက်အတွင်းမှသိရပါတယ်။

FATF က ယမန်​နေ့ည(​အောက်တိုဘာ ၂၁) တွင်ကြေငြာပြီး ​​နောက်ညတွင်းချင်းပင် အမေရိကန်ဒေါ်လာဈေးတရှိန်ထိုးမြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ် ၅၈၀၀ အထိရှိလာခဲ့လာကာ ယနေ့တွင် ဈေးကွက်မဖွင့်နိုင်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူအချို့က​ပြောပါတယ်။

“နာမည်ပျက် စာရင်းက လောလောလတ်လတ် သက်ရောက်မှာတော့မဟုတ်ဘူး။ ဒါပေ့မယ့် အခုဖြစ်နေတာက ကြောက်စိတ်ဈေးကွက်ဖြစ်နေတာ။ ဒါကို စစ်ကောင်စီကလည်း ထိန်းသိမ်းနိုင်တော့မယ် မထင်ဘူး”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောပါတယ်။ ယနေ့ (အောက်တိုဘာ ၂၂ ရက်) နေ့လယ်ပိုင်းတွင်တစ်ဒေါ်လာကို ကျပ် ၆၃၀၀အထိ မြင့်တက်လာပြီး ဈေးကွက်သည် ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်ဖြစ်နေသည်ဟုလည်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောပါတယ်။

ယမန်​နေ့ (​အောက်တိုဘာ ၂၂ ရက်) က ​ဒေါ်လာဈးမှာ ၂၉၂၀ကျပ် နှင့် ရွှေဈေး ၂,၅၉၅,၀၀၀ကျပ် ​ဈေး​ပေါက်ခဲ့ရာမှ ​ဈေးများ တဟုန်ထိုးတက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေးမှာလည်း မြင့်တက်နေပြီး ရွှေဆိုင်အများစုက အရောင်းပိတ်ထားကာ အဝယ်ကိုသာ လက်ခံတော့ကြောင်း ရွှေလုပ်ငန်းရှင်အချို့ကပြောပါတယ်။

“အခေါက်ရွှေတစ်ကျပ်သား ၂၉သိန်းလောက်ပေါက်တယ်။ ရွှေဆိုင်တွေက ဒီဈေးကိုဖွင့်ထားပေမယ့်၊ အရောင်းအဝယ်တော့ မလုပ်ဘူး” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဒေါ်လာအရောင်းအဝယ်ဈေးကွက်နှင့် ရွှေဈေးကွက်မှာယခုအခါ အရောင်းအဝယ် ကသောင်းကနင်းဖြစ်​နေ​ကြောင်း ရွှေနှင့်ငွေကြေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကပြောပါတယ်။

ပြည်သူများအနေနဲ့ ကြောက်လန့်စိုးထိတ်မှုများ ဖြစ်ပေါ်နေပြီး စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို အလုအယက် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဈေးဝယ်စင်တာတွေမှာ လူများ ပြည့်နှက်နေကြပြီး ဈေးမတက်ခင် အများအပြား ဝယ်ယူနေကြပါတယ်။

စက်သုံးဆီဆိုင်များမှာလည်း ကားတန်းရှည်များ ဖြစ်ပေါ်နေပြီး စက်သုံးဆီ ဈေးတက်မှာ စိုးရိမ်တာကြောင့် အလုအယက် ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့ ရွှေဈေးကွက်များ လုံးဝ ပျက်ဆီးသွားပြီ ဖြစ်ပြီး ပြည်ပက တင်သွင်းရတဲ့ လူသုံးကုန် ပစ္စည်းတွေ ထပ်မံတက်လာနိုင်တယ်လို့ ကုန်ပစ္စည်းရောင်းသူတွေက ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page