ရွှေကုန်သည်များအသင်းမှာ ရွှေလာဝယ်တဲ့ သူဌေးမင်းကြီးတွေကို အင်တာဗျူးကြည့်လိုက်တဲ့အခါ…

သူ့အရပ်နဲ့ သူ့ဇာတ်၊ ညီလေးရေ အကိုတို့က အမ်အာတီဗီနဲ့ မြဝတီ ကဝန်ထမ်းတွေပါ ။ နိုင်ငံတော်ကပြည်သူတွေကို ရွှေ တကျပ်သား ၂၅ သိန်းနဲ့ ရောင်းချနေကြောင်း ဗီဒီယိုရိုက်ပြီး တီဗီမှာပြချင်လို့ပါ။

ကဲ ငါ့ညီရေ ရော့ ရွှေ ၁၀ သားတုံး ၂ တုံးကိုင်ထား ရွှေ ၂၀ သားဝယ်တဲ့ပုံရိုက်မယ် ။ ဟာ ရွှေ ၂၀ သားဝယ်မဲ့ငါ့ညီရဲ့ဖုန်းကလည်း တရုတ်ဖုန်းအစုတ်ကြီးပါလားကွ၊ ဒီအစုတ်ပဲကိုင်နိုင်တယ်အကိုရေ၊ အကိုတို့ပေးမယ့် နေ့တွက်ခ (၁) သောင်းရရင် ဖုန်းမှန်ကွဲနေတာကို သွားလဲရဦးမှာဗျ၊ မြန်မြန်ရိုက်ကြပါဗျာ။

ကဲ၊ နောက်ထပ် ညီလေးတစ်ယောက်ရိုက်မယ်။ ညီလေးကတော့ ၁၀ သားဝယ်နိုင်သူအဖြစ်သရုပ်ဆောင်ရမယ်။ ရယ်ဒီ ရိုက်မယ်။ အိုကေ ညီလေး ၊ မင်းသရုပ်ဆောင်တာအရမ်းပီပြင်တယ်။ ဟိုဘက်မှာ သရုပ်ဆောင်နေ့တွက်ခ ၁ သောင်းထုတ်ယူလိုက်။ ဟုတ်ကဲ့ပါ အကို၊ ကျွန်တော်လည်း ဆိုင်ကယ် ကယ်ရီပြန်ဆွဲလိုက်ဦးမယ်။ နောင် ရိုက်စရာရှိရင်လည်းခေါ်ပါနော်။

အခုရိုက်ရမဲ့သူက အကိုကြီးနော်။ အကိုကြီးက ရွှေ ၁၀ သား သိန်း ၂၅၀ ဖိုးဝယ်နိုင်သူအဖြစ် သရုပ်ဆောင်ရမှာ၊ ဒါပေမဲ့ အကိုကြီးရယ် သိန်း ၂၅၀ ဖိုးဝယ်မဲ့သူရဲ့ ပုဆိုးကတော့သိပ်မမိုက်ဘူး။ ဟ နှစ်လုံးထီနဲ့ ချဲထီနှိပ်စက်ထားလို့ ငါ့ပုဆိုးတွေအားလုံးက အပေါင်ဆိုင်ရောက်နေပြီကွ။ ဒီပုဆိုးက ငါ့အဖိုးဝတ်ခဲ့တဲ့ဘန်ကောက်ပုဆိုးကွ။ ကဲ ရိုက်စရာရှိတာမြန်မြန်ရိုက်၊ ပြီးရင် နေ့တွက်ခပေး. အိမ်က ငါ့မိသားစုဆာနေလောက်ပြီ။ ညနေစာ ဆန်လေး ၊ ဆီလေးဝယ်ပြီးပြန်ရမှာကွ။

အကိုကတော့ ရွှေ ၁၀ သားတုံး ၁ တုံးဝယ်နိုင်သူအဖြစ် သရုပ်ဆောင်ရမှာနော်။ ကျွန်တော်တို့ ရိုက်တဲ့အထဲမှာ အကို့ရဲ့ပုံစံက အမိုက်ဆုံးပဲ။ ပုဆိုးမှာ သော့တွေအများကြီးချိတ်ထားတော့ ပိုပြီး ပီပြင်တာပေါ့အကိုရာ။ သော့တွဲအများကြီးချိတ်ထားတယ်ဆိုတာကတော့ ငါက ရုံးစောင့်လေကွာ။ ငါလည်း နေ့တွက်ခလေးရလို့ ဝင်သရုပ်ဆောင်ရတာပါကွာ။ ငါ့ကိုအထင်ကြီးပြီး ဒီညငါ့အိမ်ကို ဓားပြလာတိုက်ရင်တော့ ပြသနာတက်ပြီ။

ကဲ အခုသိန်း ၂၅၀ ဖိုးဝယ်သူအဖြစ် သရုပ်ဆောင်ရမှာက အမနော်။ အမရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းပီပြင်မှာ။ အမဆောင်းထားတဲ့ ဦးထုပ်နဲ့ လွယ်ထားတဲ့အိတ်က အခုခေတ်ဘောစိတွေမှ ကိုင်နိုင်တဲ့ Branded တွေလေ။ ကဲ ရိုက်စရာရှိတာ မြန်မြန်ရိုက်၊ ငါ့လည်း ဈေးထဲပြန်ပြီး ငါးပြန်ရောင်းရဦးမယ်။ ပြီးရင် ရပ်ကွက်ထဲက ဒေါ်မြအေးဆီမှာနေ့ပြန်တိုးတွေ ယူထားတာ သွင်းရဦးမှာဟဲ့။

ဟုတ်ကဲ့ပါအမ။ အခုရိုက်နေပါပြီ။ ဒီည အမတို့ရုပ်ပုံလွှာတွေကို အမ်အာတီဗီနဲ့ မြဝတီ မှာပါလာလိမ့်မယ်။ စောင့်ကြည့်နော်အမ။ စောင့်လည်းမကြည့်တော့ပါဘူး။ နင်တို့လွှင့်နေတာတွေကိုလည်း ဘယ်ပြည်သူကမှ မကြည့်ကြဘူး။ အယုံအကြည်လည်းမရှိကြဘူး။ အေး နင်တို့ထုတ်လွှင့်နေတာတွေကို ‌ေ-ာမတဲ့သူနဲ့ ဦးနှောက်မရှိတဲ့သူတွေပဲယုံမှာဟဲ့ ‌ေ-နာရဲ့ ။ ဟမ် (Ko Nay Win)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page