သိမ်းထားတဲ့ ကားတွေကို လေလံမတင်တော့ဘူးလို့ စကစ သတင်းထုတ်ပြန် (ခုတမျိုး တော်ကြာတမျိုး)
လက်ရှိအခြေအနေမှာ စကစက သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်တွေကို လေလံတင်ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ စကစ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
စကစ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်တီ အစည်အဝေးမှာ တရားမဝင်ကုန်သွယ်မှုအတွင်း ဖမ်းဆီးရမိတဲ့ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထုခွဲရောင်းချမယ်လို့ သူ့ရဲ့ ပြောကြားမှုအပြီး မော်တော်ယာဉ်လေလံကိစ္စ လူပြောများလာခြင်းလည်း ဖြစ်ပါတယ်။
ကားလေလံ သတင်းထွက်နေမှုအပေါ် စကစလက်အောက်ခံ စီမံ/ဘဏ္ဍာဘက်က နိုင်ငံတော်မှ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်များကို လေလံစနစ်နဲ့ ထုခွဲရောင်းချမယ့် အစီအစဉ်မရှိဘူးလို့ ပြန်လည့်တုံ့ပြန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ဗဟိုကော်မတီရဲ့ အစည်းအဝေးအတွင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လေလံမပစ်မီ ဖမ်းဆီရမိတဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပါက ဖမ်းဆီးပေးသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်သလို နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမှာဖြစ်တာကြောင့် ပုပ်သိုးပျက်စီးလွယ်တဲ့ ကုန်စည်တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗဟိုကော်မတီပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ဇန်နဝါရီလမှ မေလအထိ (ခန့်မှန်း) ကျပ် ၂၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၁၃ ဘီလီယံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလထက် မေလက ဖမ်းဆီးရမိတဲ့ပမာဏ လျော့နည်းလာကြောင်း သိရှိရပါတယ်။