(၂) နှစ်နီးပါး အကျဉ်းစံနေရတဲ့ ဆရာထင်လင်းဦးနဲ့ ဆရာမဒေါ်သန်းမြင့်အောင်တို့ ပြန်လွတ်ပြီ
အန်နယ်ဒီ အစိုးရလက်ထက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးအောင်ကို၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ဦးထင်လင်းဦး (Wisdom Villa) တို့ ၃ဦးသည် ယနေ့ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
အင်းစိန်ထောင်တွင်း တရားရုံးက သူရဦးအောင်ကိုအား ထောင်ဒဏ် ၁၂နှစ်ချမှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက ထောင်ဒဏ် ၆နှစ်သို့ လျှော့ချခွင့်ပြုခဲ့ကာ ဖမ်းဆီးထိမ်းသိမ်းခံရပြီး ၂နှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။
စာရေးဆရာမဒေါ်သန်းမြင့်အောင်သည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အစောဆုံးဖမ်းခံရသူများထဲတွင် ပါဝင်သူတဦးဖြစ်သည့် စာရေးဆရာ ဦးထင်လင်းဦး (Wisdom Villa) သည် ပုဒ်မ၅၀၅ (က)ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
ယနေ့ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀၀ နီးပါးကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
စကစက မတရားဖမ်းဆီးထားပြီး အကျဉ်းထောင်အတွင်း ရောက်ရှိနေသူ အများအပြား ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ယနေ့ လွှတ်ပေးသူအများအပြားထဲမှာ ပါဝင်လာမှာလားဆိုတာကို မိသားစုတွေက စောင့်ကြည့်နေကြပါတယ်။