မကုန်နိုင်တဲ့ သစ်ပင်တွေ ရှင်းမှာကြောင့် ရန်ကုန် (၆) မြို့နယ်ကို နေ့တဝက် မီးဖြတ်ထားမည်

မနက်ဖြန် (၇-၇-၂၀၂၂) ရက်နေ့မှာ ရန်ကုန် (၆) မြို့နယ်ကို မီးဖြတ်ထားမယ့် အကြောင်းကို ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရး ကော်ပိုရေးရှင်းကနေ ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် လျှပ်စစ် မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့် 66kV ရွာမ-စိန်ပန်းမြိုင် နှင့် 66kV ဘုရင့်နောင် – ဆင်မလိုက်(၃)(၄) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းကို (၇.၇.၂၀၂၂) ရက်နေ့ (၀၉:၀၀) နာရီ မှ (၁၃:၀၀) နာရီအချိန်အတွင်း၌ ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင် မြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင်လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်လျှပ်စစ်မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့် 33kV သီတာ-ကနေဒီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ( ၇.၇.၂၀၂၂ )ရက်နေ့ ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ ) နာရီအချိန်အတွင်း၌ ဆောင်ရွက်မည်ဖြစ်ပါသဖြင့်

အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မင်္ဂလာတောင်ညွန့်၊ တာမေွမြို့နယ်များ၏ ရပ်ကွက်နေရာ အချို့တို့တွင်လည်းကောင်း ယာယီ ဓာတ်အား ပြတ်တောက်မှုရှိမည် ဖြစ်ပါ ကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

၂၄ နာရီပြန်ရတယ် ပြောပြီး အချိန်ပိုင်း ပြတ်နေတဲ့ လျှပ်စစ်မီးက အခုလို လေတိုက်လည်း ပြတ်၊ သစ်ပင်ခုတ်လည်း ပြတ်နေရင် ဘာအလုပ်မှ ဖြစ်မှာ မဟုတ်ဘူးလို့ ပြည်သူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page