ဓာတ်ဆီဆိုင်တွေ ဆီပြတ်နေချိန်မှာ မန္တလေးသားတွေ ပြလိုက်တဲ့ အကွက် တကွက်
မန်းလေးက ဘော်ဒါတွေ ပြတဲ့ တစ်ကွက်၊ မနက်က BOC ဆီဆိုင်ရှေ့ကားထိုးရပ်တော့ ဆီမရဘူး။ နောက်သုံးလေးရက်ကြာမယ်တဲ့ ထွက်ပြောတယ်။
ရတယ် ငါကအားနေတာစောင့်မယ်ဆိုပြီး ကားထိုးတန်းထားလိုက်တယ်။ ဟိုကောင်အူကြောင်ကြောင်နဲ့ခေါင်းကုတ်ထွက်သွား၊ သိပ်မကြာဘူး ကိုယ်ရပ်ထားတာတွေ့တော့ တခြားကားတွေပါ။ အနောက်ကဝင်တန်း ကားတွေဆိုင်ကယ်တွေများလာတော့ တစ်ဆိုင်လုံးငြိမ်ငြိမ်မနေရတော့ဘူး။
ဝန်ထမ်းအကုန်အလုပ်တွေရှုပ် ထွက်ရှင်းပြရ နဲ့ အကုန်တိုင်ပတ်ကုန်တာ ဝန်ထမ်းကောင်လေးတွေကို မင်းတို့ဆီမှ မရှိမရောင်းရတာ အကုန်အနားပေးသင့်တယ်ဘာညာနဲ့ သွားကျပ်။
မန်နေဂျာကို တောင်းဆိုသင့်တယ်တို့ ဘာတို့လျှောက်ပြော ခဏနေမှ၊ မင်းဆိုင်က ဆီမရှိလည်း ကားတော့ရေဆေးလို့ ရတယ်မဟုတ်လားဆိုပြီး ခပ်တည်တည်နဲ့ ဆိုင်ထဲမောင်းဝင်တော့ နောက်က ကားတန်းကပါလိုက်ဝင်မလိုတွေဖြစ် ဝန်ထမ်းတွေအကုန် ပြာပြာသလဲနဲ့ထွက်တားဖြစ်ကုန်တာ။
ကိုယ်က ခပ်တည်တည်ပဲ ကားလေးရေဆေး အိမ်သာဝင်တက်ပြီး တခြားဆိုင်သွားတန်းစီတာ။ ဘာတွေဖြစ်ကျန်ခဲ့လည်းမသိ။ (TZH)