စက်တင်ဘာမှာ ဖြစ်လာနိုင်တဲ့ မြန်မာ့ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ ဈေးနှုန်းများ အခြေအနေ သုံးသပ်ချက်

၂၀၂၂ သြဂုတ်လကုန်ပိုင်း အတွက် မြင်မိသလောက် ဈေးကွက် အပ်ဒိတ်လေးပါ။ ဒေါ်လာဈေး ကို စပြောရရင် ကမ္ဘာ့ဈေးကွက်မှာ 139.1 Supply Zone နားကို ရောက်နေပါပြီ။ (ကျွန်တော်ကတော့ Index တစ်ခုလုံးစာကြည့်တာပါ၊ မြင်သာအောင် USDJPY ကိုပဲပြတာပါ။)

အဲဒီတော့ နည်းပညာ (technical) သဘောတရားအရ 139.1 ဆီကို ပြေးတဲ့အချိန်မှာ ဒေါ်လာဈေးဟာ တစ်ချက်ဆောင့်တက်ပါလိမ့်မယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ဒေါ်လာဈေးဟာ ၂၉၀၀ တန်းကနေ သုံးထောင် ထိပ်စီးစပြောင်းပါလိမ့်မယ်။

ဒါပေမယ့် ကမ္ဘာမှာက Supply Zone ရောက်ပြီဆိုတဲ့ အချက်ရယ်၊ နောက် ဈေးတန်းထိပ်စီးအသစ် ရောက်ရင် စိတ်ပိုင်းဆိုင်ရာ (Psychological) အရ ဝယ်လက်ပျောက်တတ်တာမို့ ပြည်တွင်း ဒေါ်လာဈေးဟာ ၃,၀၀၀ ကို ခပ်ပါးပါး လောက်ပဲ ကျော်ရုံကျော်ပြပြီး ခဏရပ်မယ် မြင်ပါတယ်။

အဲဒီတော့ သြဂုတ်လကုန်မှာ ဒေါ်လာဈေးဟာ ပြည်တွင်းဝယ်လိုအားကိုပါ ထည့်တွက်ရင် ၃,၀၀၀ အထက် ခပ်ပါးပါးမှာ မြင်ရနိုင်ပါတယ်။ ရေနံကတော့ ကမ္ဘာမှာ အတက်ပြနေတဲ့ Technical ရှိပါတယ်။ အနီးဆုံးပဲပြောရရင် ကမ္ဘာ့ဈေး 93 အထက်မှာ ရှိနေရင် 102 ဝန်းကျင်လောက်ထိ တက်ဖို့ အလားအလာရှိပါတယ်။ ဒါဆိုရင် လကုန်ပိုင်းလောက်မှာ 95 Ron ကို အခြေပြု ပြောရရင် ပြည်တွင်းမှာ တစ်လီတာ ၂,၈၀၀ နဲ့ အထက်ပေးဝယ်ရဖို့ ရှိပါလိမ့်မယ်။

နောက်ဆုံးတစ်ခုက အားလုံးသိချင်တဲ့ ရွှေဈေး ပါ။ ​Technical တွေ မပြောတော့ဘဲ ခပ်ကြမ်းကြမ်းလေးဖြေရရင် ရွှေဟာ ကမ္ဘာမှာ တက်ဖို့ ဝယ်လိုအား စစုနေပါပြီ။ အခု ဈေးတန်း ၁၇၄၀ ကျော်မှာ ဝယ်လိုအား (demand) မဝင်ရင် ၁၆၈၃ Support ကနေ ဝင်ဖို့ ရှိနိုင်ပါတယ်။ အဲဒီတော့ အချိန်ကာလကတော့ ကာလတို၊ ကာလလတ်၊ ပြောဖို့ စောသေးပေမယ့် ရွှေ ဟာ အဝယ် ဝင်ဖို့ရှိနေပြီး ဝင်ခဲ့ရင် 1,875 ~ 1,910 deep block ထဲကို ပြေးတက်ပါလိမ့်မယ်။

အဲဒီအချိန်မှာ မြန်မာ့ရွှေဈေးဟာ သိန်း ၃၀ ဈေးတန်းကို ပထမအဆုံးအကြိမ်အဖြစ် မြင်ကောင်း မြင်ရနိုင်ပါတယ်။ မြန်မာ့ရွှေ ၂၉သိန်း၊ သိန်း ၃၀ ရောက်ခဲ့ရင်လည်း အံ့သြစရာမရှိဘူးလို့ပဲ ဆိုချင်ပါတယ်။ ဒါတွေဟာ Technical ပညာရပ် သဘောတရားအရ သုံးသပ် တွက်ချက်မှုဖြစ်ပြီး နေ့စဉ် အချက်အလက်ပေါင်းများစွာက ဒီအပေါ် သက်ရောက်မှုရှိဦးမှာ ဖြစ်ပါတယ်။

ဈေးကွက်မှာတော့ Buy Low Sell High သဘောတရား ကို လက်လွှတ်လို့မရပါဘူး။ ဒါကို ပိုင်နိုင်စွာ သိနားလည် အသုံးချတတ်ပါစေလို့ မှာချင်ပါတယ်။ (မျိုးအိမ်ဇန် ၂၄ သြဂုတ်လ၊ ၂၀၂၂)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page