တက်စီဆရာဆိုတာ ကားလောကရဲ့ ဘုရင်တပါးဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်
တက်စီ ဆရာတွေရဲ့ ပညာ။ ညက ရွှေဂုံတိုင်မှာ ကားက ရေတွေပန်းထွက် heat ဂိတ် တက်လာတာနဲ့ လမ်းဘေးရပ် ဘာဖြစ်လဲ ရှာတော့ အပေါ်ရေပိုက် ကွဲသွားတာ။
ရေ နဲ့ မီးတိပ်ဝယ်၊ ဘေးနားက တက်စီဆရာ့ဆီ ကျွတ်စ ပါလားတောင်းတော့ အခုတင် လွှင့်ပစ်လိုက်တာ တဲ့။ အပေါ်ရေပိုက် ကွဲသွားလို့ဆိုတော့ စီးကရက်ဖျင်ဆီခံထဲက ဂွမ်းစရယ်၊ ဆူပါဂလူးရယ် ပေါင်းပြီးကပ်လိုက်တဲ့။
ဖျင်ဆီခံ + ဆူပါဂလူး = ကျောက်ဖြစ်တယ်… ရေပိုက်လုံ အပူခံနိုင်တယ်တဲ့။ ကွဲတဲ့ရေပိုက်က သာမိုစတက် ရေပိုက်ဆိုတော့ ရေအပူ ၈၅ ဒီဂရီအထက် ပူတဲ့ရေ။ မီးတိပ်နဲ့ မနိုင်ဘူးဆိုတယ်။
သူပြောတဲ့အတိုင်း လုပ်လိုက်ပြီး အိမ်ပြန်ရောက်၊ ဒီမနက် ရေစစ်တော့ တစ်စက်တောင်မလျော့၊ ဆူပါဖင်ဆီခံကျောက်က လုံချက် ခွာလို့တောင်မရ။
တက်စီဆရာဆိုတာ ကားဘုရင်တပါးပါလား (ဥ တစ်လုံး ဘခက်)