လကမ္ဘာပေါ်ကို နယ်ချဲ့တော့မယ့် တရုတ်ပြည် (နျူကလီးယား ဓာတ်ပေါင်းဖိုပါ ဆောက်ပါမယ်တဲ့)
အမေရိကန်ဖက်က လကမ္ဘာအိမ်မက်စီမံကိန်းတွေ သတင်းထွက်လာအပြီး၊ တရုတ်ဟာ မူလလျာထားတာထက် (၈) နှစ်စောကာ ၂၀၂၇ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စိုင်းပြင်းနေကြပါတယ်။ အမေရိကန်နည်းက လကမ္ဘာပတ်လမ်းထဲမှာ အာကာသစခန်းသစ်တစ်ခုဆောက်သွားဖို့ဖြစ်ပြီး ဒေါ်လာ ၁၀၀ ဘီလီယံစီမံကိန်းမို့ ဈေးသိပ်ကြီးပါတယ်။
တရုတ်နည်းကတော့ လူမပါတဲ့အဝေးထိန်းစခန်းကို လကမ္ဘာပေါ် တက်ဆောက်သွားဖို့ဖြစ်ပြီး၊ နောက်ပိုင်းအာကာသယာဉ်မှူးတွေရဲ့ ရပ်နားစခန်းဖြစ်လာစေမှာပါ။
လျှပ်စစ်စွမ်းအင်အတွက် ၁ မီဂါဝပ်ထုတ်နိုင်တဲ့ နူကလီးယားဓါတ်ပေါင်းဖိုတစ်ခုပါ ထည့်သွင်းတည်ဆောက်ကြမှာပါ။ ဒီလကမ္ဘာပေါ်က သုတေသနစခန်းကို ရုရှားနဲ့ပူးပေါင်းဆောက်မယ်လို့ဆိုပါတယ်။
တရုတ်ဟာ လဆင်းယာဉ်တွေလွှတ်နိုင်ခဲ့တာ (၇) ကြိမ်တိုင်ခဲ့ပြီမို့ သူ့စီမံကိန်းဟာ လက်တွေ့ကျပြီး ဖြစ်နိုင်နေပါတယ်။
လဟာ လူသားမျိုးနွယ်စုအားလုံးပိုင်တဲ့အရာဖြစ်ပြီး ပါတီတစ်ခု၊ လူမျိုးတစ်ခုတည်းကနေ မောင်ပိုင်စီးခွင့်မရှိစေရဆိုတဲ့ နိုင်ငံတကာအာကာသဥပဒေကို တရုတ်နဲ့ရုရှားဟာ သဘောမတူဘဲ ကန့်ကွက်ပြီး လက်မှတ်မထိုးကြပါဘူး။ နောက်ဆိုရင် လပေါ်မှာလည်း နယ်ချဲ့စစ်ပွဲတွေမြင်ကြရလတ္တံ့။
Francis Zin