မှန်တာပြော ချမ်းသာပါစေဆို ခွက်ဆွဲရမယ့် ကောင်တွေနဲ့ ပြောတိုင်း မယုံတဲ့ ရွာသားကြီးများ
ရဲကားတစီး ကားလမ်းဘေးမှာ မှောက်တယ်။ တာဝန် ရှိသူတွေ ရောက်မလာခင် ရွာသားတွေက ကားကို မီးရှို့ လိုက်တယ်။
တာဝန် ရှိသူတွေ ရောက်လာတော့ ရွာသားတွေကို စစ်မေးကြတယ်။
ခွေး-”ဘာလို့ ရဲကား ကို မီးရှို့လိုက် ရတာလဲ” လူ-”ကားထဲမှာ တယောက်မှ အသက် မရှင်တော့ လို့ မီးသဂြိုဟ်ပေးလိုက်တာပါ”
ခွေး-”သေချာလား တယောက်မှ အသက် မရှင် ဘူးဆိုတာ” လူ-”သေချာပါတယ် ကျနော်တို့ တယောက်ယောက်အသက် ရှင်သေးလားလို့ လှမ်းမေးကြည့်တော့ ကားထဲက ပြန်အော်တယ်။
အသက် ရှိပါသေးတယ်တဲ့၊ အမယ်သူပြောတိုင်းယုံစရာလား။ ခင်များ စဉ်းစားကြည့် ရဲ စစ်သား ဘယ်တုန်းက မှန်တာ ပြောဖူးလို့လဲ?”
တာဝန်ရှိသူငြိမ်ကြသွားပါတော့တယ်