မင်းဘူးက နဂါးပွက်တောင် အောက်မှာ တကယ့်နဂါးတွေ ရှိလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ဒီလို ရွှံ့မီးတောင်တွေရဲ့ အောက်မှာ ရေ နဲ့ ဂက်(စ်)ရှိတယ်။ အဲဒီက ထွက်တဲ့ ရွှံ့ရည်ဟာ မပူဘူး။ လူသားတို့အတွက် အန္တရာယ်မရှိဘူး။

ရွှံ့မီးတောင်ကထွက်ရှိတဲ့ ရွှံ့စေးချော်ရည်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီပိုတွေကိုလျော့ချပေးစွမ်းနိုင်ပြီး အသားအရည်ကို ဝင်းပ စိုပြေစေသည့်အပြင် ယခုလို ရွှံ့မီးတောင်ရှိတဲ့ဒေသတွေကိုလည်း ပြည်ပ ခရီးသွားဧည့်သည်တွေ သွားရောက်အပန်းဖြေတတ်ကြပါတယ်။ ရွှံ့မီးတောင် အများဆုံးရှိတဲ့နိုင်ငံကတော့ အဇာဘိုင်ဂျန်(Azerbaijan) နိုင်ငံဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာက (နဂါးပွက်တောင်) ဟု လူသိများပြီး မင်းဘူးမြို့က နဂါးပွက်တောင်သည် အထင်ရှားဆုံး ရွှံ့မီးတောင်ဖြစ်သည်။ ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်နှင့် ထိပ်ဝမှာ ၈ ပေခန့် အကျယ်ရှိပါတယ်။

သာမာန်မီးတောင်များမှာ ချော်ရည်များထွက်သကဲ့သို့ ရွှံ့မီးတောင်များမှလည်း ရွှံ့ကဲ့သို့ အရည်များ ထိုးထွက်လာခြင်းဖြစ်ကာ တဗွက်ဗွက်နှင့် ပွက်နေရခြင်းမှာ တောင်အတွင်းမှ မီသိန်းဓါတ်ငွေ့ ထွက်ရှိသောကြောင့် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ ကျွန်း၊ မာန်အောင်ကျွန်းနှင့် ယင်းတို့နှင့်အနီးဝင်းကျင်ပင်လယ်ပြင်တို့တွင်လည်း ရွှံ့မီးတောင်များ ဖြစ်ပေါ်လေ့ ရှိပါသည်။

ရာဇဝင် သမိုင်းကြောင်းကိုအခြေခံပြီး မင်းဘူးမြို့ရှိ ရွှံ့မီးတောင်မှာ ယုံကြည်ကိုးကွယ်မှု နတ်နဂါးဆိုင်ရာ နေရာအဖြစ်တည်ရှိနေပါသည်။

Ko Gyi Myo

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page