ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း နဂါးဥကြီးနဲ့ ပညာရှင်များလေ့လာသင့်တဲ့ နဂါးအရိုးစုကြီး
ယနေ့ လိုင်းပေါ်မှာ ရှေးဟောင်းကျောက်ဖြစ် ရုပ်ကြွင်း နဂါးဥကြီးနဲ့ နဂါးအရိုးစုကြီး အကြောင်း ဓာတ်ပုံတွေ ပျံ့နှံ့လျက် ရှိပါတယ်။
အရှင် ဝိစာရိန္ဒ မထေရ် ဆိုတဲ့ အကောင့်တခုကနေ တင်ထားခြင်း ဖြစ်ပြီး ဥပုံသဏ္ဍာန် ကျောက်ဖြစ်ရုပ်ကြွင်း တခုရဲ့ ပုံ ဖြစ်ပါတယ်။
ပို့စ်မှာတော့ “အရှင် ဝိစာရိန္ဒမထေရ် နှင့် နတ်နဂါးသာသနာ ရှေးဟောင်း ကျောက်ဖြစ် နဂါးဥကြီးတစ်လုံးပါကွယ့်။ မယုံစဖူး ကြုံဖူးမှသိကြလိမ့်မည်။” လို့ ရေးသားထားတာ တွေ့ရပါတယ်။
အရှင် ဝိစာရိန္ဒမထေရ်အကောင့်က နဂါး အရိုးစုပုံတချို့ကိုလည်း ကွန်းမန့်မှာ ပြထားပြီး “နဂါးဥကို မယုံလို့ Ultrasound ရိုက်မယ်ဆိုရင် ဒါတွေကိုလဲ Test လုပ်ကြည့်ဖို့ လိုမယ်ထင်တယ်နော်? သိပ္ပံဆိုတာ နောက်ဆုံး ဗုဒ္ဓဘာသာကိုပဲ အဖြေရှာကြရလိမ့်ဦးမည်” လို့ ရေးသားထားပါတယ်။
နောက်ထပ် ကွန်းမန့်တခုမှာတော့ အရှင် ဝိစာရိန္ဒမထေရ်ကပဲ “မြန်မာနိုင်ငံတွင် ထူးခြားသည့် ဓါတ်တော် မွေတော် ရုပ်ကြွင်းပြတိုက်တော်ကြီးတစ်ခု သာသနာပြုမင်းများ လက်ထက်တွင် ပေါ်ထွက်လာပြီး ကမ္ဘာသူ ကမ္ဘာသားများလာရောက်လေ့လာကြလိမ့်မည်” လို့ ရေးထားပါတယ်။
အဆိုပါ ပုံထဲမှာ ပါရှတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဥကြီးနဲ့ အရိုးစုကြီးဟာ တကယ့်အစစ် ဟုတ် မဟုတ် ပညာရှင်များအနေနဲ့ သွားရောက် လေ့လာသင့်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်…