အိမ်ရှင်မတွေ မဖြစ်မနေ သိထားသင့်တဲ့ ငါးသလောက် အတုအစစ် ခွဲခြားနည်း

ခုတလော ငါးသလောက်တွေ ဈေးသက်သက်သာသာနဲ့ရတယ်ဆိုပြီး ဝယ်နေ ချက်နေကြတဲ့ ပို့စ်လေးတွေ တွေ့ရလို့ ဈေးသွားရင် ဂျင်းမမိအောင် အမျိုးအစားလေး ခွဲပြတာပါ။

ပထမဆုံးပုံက ရေချိုငါးသလောက်အစစ်ပုံပါ (ခန္ဓာကိုယ်ဆူဆူဖြိုးဖြိုးနဲ့ အရောင်လတ်လတ်ထနေပါတယ်)။

ဒုတိယပုံကတော့ ငါးသလောက်ယောက်ဖပါ။ သူ့ကို ပါးမဲ လို့လည်းခေါ်ပါတယ်(သူ့ပုံစံက ငါးသလောက်နဲ့ယှဉ်ရင် မဲနေသလို ခန္ဓာကိုယ်လည်း ပြားချပ်ချပ်ပါ။ သူက ငါးသလောက်အစစ်တွေလို အကောင်အကြီးမရှိပါဘူး)။

တတိယပုံကတော့ ငါးဝမ်းပူလို့ခေါ်ပါတယ် ငါးဆူလို့လည်းခေါ်ပါတယ်(သူကတော့ လက်တစ်ထွာအရွယ်လောက်ရှိပြီး ဗိုက်ပူပါတယ်။ခန္ဓာကိုယ်က ပြားချပ်ချပ်ပါ။ သူ့မှာထူးခြားချက်အနေနဲ့ ခေါင်းနားမှာ
အမှတ်အမည်းလေး ပါပါတယ်)။

အကုန်လုံးကတော့ချက်ရင် ငါးသလောက်အနံ့ထွက်တာ ချည်းပါပဲ။ ဒါပေမယ့် အရသာအပေါ့အလေးတော့ ကွာတာပေါ့။ (Min Khant Ko) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page