ဘောင်ချာ တဈေး၊ ပါးစပ် တဈေးဖြစ်နေတဲ့ ရွှေဆိုင်ကြီးတွေရဲ့ လျှို့ဝှက်ဆန်းကြယ် ရွှေရောင်းနည်းအသစ်
ဒီနေ့ မန္တလေးမြို့ရဲ့ နာမည်အကြီးဆုံးရွှေဆိုင်မှာ ရွှေသွားဝယ်ပါတယ်။ ဈေးကျတယ်၂၅ သိန်းအောက် ဆိုလို့အပြေးအလွှားသွားခဲ့တာ။ ဟိုရောက်တော့ ဝန်ထမ်းကောင်မလေးကို ရွှေအတုံးလေး ၁ ကျပ်သား တတုံး၊ တမတ်သား တတုံးပေးပါ ဆိုတော့ ကောင်မလေးက အမရေ ခဏလေးနော် အမကို ဈေးလေး ပြန်တွက်ပြပီးရှင်းပြအုံးမယ်တဲ့။
ညီမလေးတို့ ပိုစ့်တင်ထားတာ ၂၄ သိန်း ၇ သောင်းက အခုတက်သွားလို့လားဟင် ဆိုတော့ မတက်ဘူး အမတဲ့။ ဒါဆို ရှင်းမပြတော့နဲ့ ယူမယ် အမ အချိန်မရလို့ဆိုတော့ ဘောင်ချာဖွင့်တဲ့ဈေးနဲ့ ရောင်းဈေးနဲ့က မတူလို့တဲ့။
ဟဲ့ ဘယ်လိုမတူတာလဲဆိုတော့ ဘောင်ချာမှာ၂၄ သိန်း ၇ သောင်း ဖွင့်ပေးမှာတဲ့ အမက၂၅ သိန်း ၉ သောင်း ရှင်းပေးရမှာတဲ့။ အမလေး ဘယ်လိုတွေတောင် လူလည်လုပ်သလဲဆိုတာလေ။ ရွှေဆိုင်တွေ အရမ်းနစ်နာနေဦးမယ်နော်။
ကျမတို့က ရွှေဈေးကျလည်းခံ၊ တက်လည်းခံ၊ အမြဲရှုံး ရှင်တို့ကတော့ မြတ်ပီးရင်းမြတ် အရှှုံးကို မရှိဘူးပေါ့လေလို့ ပြောခဲ့လိုက်တယ်။ သူတို့က ၂၆ သိန်းကျော်နေရင်တော့ ဘောင်ချာအမှန်ဖွင့်ရောင်းတယ်။ ၂၅ သိန်းအောက်များ ကျသွားရင် ဘောင်ချာ အမှန်မဖွင့်တော့ဘူး။
ပြောသေးတယ်။ ဟိုနေ့က ရွှေအသင်းက ၂၅ သိန်းဈေးထက်ပိုရင် စာထုတ်ထားလို့ပါတဲ့။ ရယ်ရတယ် သူတို့အသာတွေချည်းပဲ။ ငါတို့ပြည်သူတွေကတော့ အခံဘက်ကချည်းပဲ။ ခံနိုင်သမျှတော့ ခံအုံးပေါ့ဟယ် (K Thwe Win)