“အဓိပ္ပာယ်သိရင် ပိုအစွမ်းထက်တဲ့ မေတ္တာသုတ်” (မြန်မာပြန်)
“အဓိပ္ပာယ်သိရင် ပိုအစွမ်းထက်တဲ့ မေတ္တာသုတ်” (မြန်မာပြန်)
ပါဠိလို ဒီအတိုင်းရွတ်နေတာထက် အဓိပ္ပာယ်သိရင် ပိုအစွမ်းထက်တာကြောင့် မေတ္တာသုတ် (မြန်မာပြန်) ကို ဖော်ပြ လိုက်ပါတယ်။ ပရိတ်တော်တွေကို အခေါက် ၁၀၀၀ ရွတ်တာထက် မြန်မာပြန်တစ်ခေါက်ဖတ်တာက ပိုအဓိပ္ပာယ်ရှိလို့ တင်ပေးလိုက်တာပါ။
“မေတ္တာသုတ် မြန်မာပြန်”
နိဒါန်း
ယသ- အကြင်မေတ္တာသုတ် ပရိတ်တော်၏၊ အာနုဘာဝတော- အာနုဘော်ကြောင့်၊ ယက္ခာ- ဘီလူးတို့သည်၊ ဘိံသနံ- ကြောက်မက်ဖွယ်သော အဆင်းကို၊ နေဝ ဒဿေန္တိ- မပြဝံကုန်၊ ယမှိစေဝ- အကြင်မေတ္တာသုတ်ပရိတ်တော်ကိုသာလျှင်၊ ရတ္တိဉ္စ- ညဉ့်၌ လည်းကောင်း၊ ဒိဝဉ္စ- နေ့၌လည်းကောင်း၊ မတန္တိတော- မပျင်းရိသည်ဖြစ်၍၊ အာနုယုဉ္ဇန္တော- လုံးလပြုသောသူသည်၊ သုခံ- ချမ်းသာစွာ၊ သုပတိ- အိပ်ရ၏။ သုတ္တောစ- အိပ်ပျော်သော်လည်းကိဥ္စိ- တစ်စုံတစ်ခုသော၊ ပါပံ – မကောင်းသော အိပ်မက်ကို၊ နပဿတိ – မမြင်မက်၊ ဧဝမာဒိဂုဏုပေတံ- ဤသို့အစရှိသော ဂုဏ်နှင့်ပြည့်စုံသော၊ တံပရိတ္တံ- ထိုမေတ္တာသုတ်ပရိတ်တော်ကို၊ ဟေ – သူတော်ကောင်းတို့၊ မယံ- ငါတို့သည်၊ ဘာဏာမ – ရွတ်ကြကုန်အံ။
နိဗ္ဗာန်လိုချင်သူ
၁ ။ သန္တံ – ငြိမ်သက်သော၊ ယံပဒံ – အကြင် နိဗ္ဗာန်သည်၊ အတ္ထိရှိ၏။ တံ – ထိုနိဗ္ဗာန်သို့၊ အဘိသမေစ္စ – သစ္စာလေးပါးကို သိသောအားဖြင့် ကောင်းစွာရောက်၍၊ ဝိဟရိတုကာမေန- နေခြင်းငှာအလိုရှိသော၊ အတ္တကုသလေန – အကျိုးစီးပွား၌ လိမ္မာသော ရဟန်းသည်၊ ကရဏီယံ- ပြုကျင့်အပ်၏။ သက္ကောစ – ကိုယ်အသက်၌ငဲကွက်ခြင်းမရှိ သစ္စာတရားကိုသိခြင်းငှာ ကျင့်စွမ်းနိုင်သည်လည်း၊ အဿ – ဖြစ်ရာ၏။ ဥဇူစ – ဖြောင့်မတ်သော ကိုယ်,နှုတ်နှစ်ပါးရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ သုဟုဇူစ – ဖြောင့်မတ်သောစိတ်ထားရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ သုဝစောစ – ဆိုဆုံးမလွယ်သည်လည်း၊ အဿ – ဖြစ်ရာ၏။ မုဒုစ – နူးညံ့သည်လည်း ၊ အဿ – ဖြစ်ရာ၏။
၂ ။ သန္တုသကောစ – ပစ္စည်းလေးပါးတို့၌ ရောင်ရဲသည်လည်း၊ အဿ – ဖြစ်ရာ၏။ သုဘရောစ – မွေးမြူလွယ်သည်လည်း၊ အဿ – ဖြစ်ရာ၏။ အပ္ပကိစ္စောစ – နည်းသော အမှုကိစ္စရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ သလ္လဟုကဝုတ္တိစ – ပေါ့သော အသက်မွေးမြူခြင်း ရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ သန္တိန္ဒြိယောစ – ငြိမ်သက်သော စက္ခုစသော ဣန္ဒြေရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ နိပကောစ – ရင့်သောပညာရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ အပ္ပဂဗ္ဘောစ – ကိုယ်နှုတ်နှလုံး ကြမ်းကြုတ်ခြင်း မရှိသည်လည်း၊ အဿ – ဖြစ်ရာ၏။ ကုလေသု – ဒါယကာတို့၌၊ အနနုဂိဒေါ္ဓစ – တပ်မက်မောခြင်း သည် လည်း၊ အဿ – ဖြစ်ရာ၏။
၃ ။ ယေန – အကြင် ကာယ စသော သုံးပါးသော ဒုစရိုက်ကြောင့်၊ ဝိညူ – ပညာရှိသည်၊ ပရေ – သူတစ်ပါးတို့ကို၊ ဥပဝဒေယုံ – ကဲရဲ့ခြင်းကို၊ ကိဥ္စိ – စိုးစဉ်းမျှသော၊ ခုဒ္ဒံ – အနည်းငယ်ပင်ဖြစ်သော်လည်း၊ တံ – ထိုဒုစရိုက်ကို၊ နစအာစရေ – မကျင့်ရာသည် သာတည်းး။ သဗ္ဗသတ္တာ – ခပ်သိမ်းကုန်သော သတ္တဝါတို့သည်၊ သုခိနောဝါ – ချမ်းသာခြင်းနှင့် ပြည့်စုံကုန် သည်လည်းကောင်း၊ ခေမိနောဝါ – ဘေးရန်ကင်းငြိမ်းကုန်သည်လည်းကောင်း၊ ဟောန္တု – ဖြစ်စေကုန်သတည်း။ သုခိတတ္တာ – ချမ်းသာသော ကိုယ်စိတ်ရှိကုန်သည်၊ ဘဝန္တု – ဖြစ်စေကုန်သတည်း။
၄ ။ ယေကေစိ – ခပ်သိမ်းကုန်သော၊ ပါဏဘူတာဝါ – ပဉ္စဝေါကာရ စတုဝေါကာရ၊ ဧကဝေါကာရ သတ္တဝါတို့သည် လည်းကောင်း၊ အနဝသေသာ – အကြွင်းမရှိကုန်သော၊ တသာဝါ – ထိတ်လန့်တတ်ကုန်သော ပုထုစဉ်ပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ထာဝရာဝါ – မြဲမြံစွာ တည်ကြည်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဒီဃာ – ရှည်လျားသော ကိုယ်ရှိကုန်သော၊ ယေသတ္တာဝါ – အကြင်နဂါး၊ မြွေ အစရှိသော သတ္တဝါတို့သည်လည်းကောင်း၊ မဟန္တာ – ကြီးသော ကိုယ်ခန္ဓာ ရှိကုန်သော၊ ယေသတ္တဝါ – ငါး၊ လိပ် အစရှိသော သတ္တဝါတို့သည်လည်းကောင်း၊ မဇ္ဈိမာ – အလယ်အလတ် ဖြစ်သော ကိုယ်ရှိကုန်သော၊ ယေသတ္တဝါ – အကြင်နွားအစရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ရဿကာ – ပု၊ တို၊ နိမ့် ငယ်သော ကိုယ်ရှိကုန်သော၊ ယေသတ္တဝါ – အကြင် ကြက်ငှက် အစရှိသော သတ္တဝါတို့သည်လည်းကောင်း၊ အာဏုကာ – သေးဖွဲသိမ်နုတ်သော ကိုယ်ရှိကုန်သော၊ ယေသတ္တဝါ – ပိုးရွစသော သတ္တဝါတို့သည်လည်းကောင်း၊ ထူလာ – ဆူဖြိုးသော ကိုယ်ရှိကုန်သော၊ ယေသတ္တဝါ – အကြင် ဝက်စသော သတ္တဝါတို့သည်လည်းကောင်း၊ သန္တိရှိကုန်၏။ တေသတ္တဝါ – ထိုသတ္တဝါတို့သည်လည်းကောင်း။
၅ ။ ဒိဋ္ဌာ – မြင်ဖူးကုန်သော၊ ယေသတ္တဝါ – အကြင်သတ္တဝါတို့သည်လည်းကောင်း။ အဒိဋ္ဌာ – မမြင်ဖူးကုန်သော၊ ယေသတ္တာ – အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အဝိဒူရေ – မနီးဝေးသော အရပ်၌၊ ဝသန္တိ – နေကုန်၏၊ တေသတ္တာ – ထိုသတ္တဝါတို့သည်လည်းကောင်း။ ဘူတာဝါ – ရဟန္တာတို့သည်လည်းကောင်း၊ သမ္ဘဝေသီဝါ – ဘဝသစ်၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကံကို ရှာမှီးလေ့ရှိကုန်သော ပုထုစဉ်သေက္ခတို့သည်လည်းကောင်း၊ သဗ္ဗသတ္တာ – ခပ်သိမ်းကုန်သော သတ္တဝါတို့သည်၊ သုခိတတ္တာ – ချမ်းသာသော ကိုယ်ရှိကုန်သည်၊ ဘဝန္တု – ဖြစ်စေကုန်သတည်းးးး။
၆ ။ ပရော – တစ်ယောက်သောသူသည်၊ ပရံ – တစ်ယောက်သောသူကို၊ န နိကုဗ္ဗေထ – အမျက်မထွက်ရာ။ ကတ္ထစိ – တစ်စုံတစ်ခုသောအရာ၌၊ ကိဥ္စိ – တစ်စုံတစ်ယောက်သော၊ နံဇနံ – ထိုသူကို၊ ဗျာရောသနာ – ဖောက်ပြန်သောကာယကံ၊ ဝဇီကံ တို့ဖြင့် ညှဉ်းဆဲချုပ်ချယ်ခြင်းဖြင့်လည်းကောင်း၊ ပဋိဃသညာ – ရန်အမျက်ဟူသောစိတ်ဖြင့်လည်းကောင်း၊ နာတိမညေထ – မထီမဲ့မြင်မပြုရာ။ အညမညသ – တစ်စုံတစ်ယောက်သည် တစ်စုံတစ်ယောက်၏၊ ဒုက္ခံ – ဆင်းရဲကို၊ နဣစ္စေယျ – အလိုမရှိရာ။
၇ – ၈ ။ မာတာ – အမိသည်၊ နိယံပုတ္တံ – မိမိသားအရင်းဖြစ်သော၊ ဧကပုတ္တံ – တစ်ယောက်သောသားကို၊ အာယုသာ – အသက်ကြောင့်၊ အနုရက္ခေ ယထာ – အစဉ်စောင့်ရှောက်သကဲ့သို့၊ ဧဝမ္ပိ – ဤကဲသို့ပင် သဗ္ဗဘူတေသု – ခပ်သိမ်းသော သတ္တဝါတို့၌၊ အပရိမာဏံ – အတိုင်းအဆမရှိသော၊ မာနသံ – မေတ္တာနှင့်ယှဉ်သော စိတ်ကို၊ ဘာဝယေ – အဖန်တလဲလဲ ပွားစေရာ၏။ ဥဒ္ဓံ – အထက်ဘဝဂ်တိုင်အောင်လည်းကောင်း၊ အဓော – အောက်အဝီဇိတိုင်အောင်လည်းကောင်း၊ တရိယံ – အရပ်ရှစ်မျက်နှာတိုင်အောင်လည်းကောင်း၊ ဣတိပိ ဣမိနာ ပကာရေန – ဤသို့သောအားဖြင့်၊ သဗ္ဗလောကသ္မိံ – ကျဉ်းမြောင်းခြင်း မရှိသည်ကို၊ အဝေရံ -ရန်မရှိသည်ကို၊ အသမတ္တံ – ဆန့်ကျင်ဘက်မရှိသည်ကို၊ ကတွာ – ပြု၍၊ အပရိမာနံ – အတိုင်းအဆမရှိသော၊ မေတ္တံ – မေတ္တာနှင့်ယှဉ်သော၊ မာနသံ – စိတ်ကို၊ ဘာဝရေ – ပွားစေရာ၏။
၉ ။ ဣဓ – ဤသာသနာတော်၌၊ တိဋ္ဌံဝါ – ရပ်၍သော်လည်းကောင်း၊ စရံဝါ – သွား၍ သော်လည်းကောင်း၊ နိသိန္နောဝါ – ထိုင်၍ သော်လည်းကောင်း၊ သယနော ဝါ – လဲလျောင်း၍ သော်လည်းကောင်း၊ ဝိတမိဒ္ဓေါ – အိပ်ခြင်း၊ ငိုက်ခြင်း၊ ကင်းသည့်၊ ယာဝတာ – အကြင်မျှလောက်သော ကာလပတ်လုံး၊ အသ – ဖြစ်ရာ၏။ ယာဝတာ – ထိုမျှလောက်သော ကာလပတ်လုံး၊ ဧတံသတိံ – ထိုမေတ္တာနှင့်ယှဉ်သော သတိကို၊ အဓိဋ္ဌေယျ – ဆောက်တည်ရာ၏။ ဧတံ ဝိဟာရံ – ထိုမေတ္တာနှင့်ယှဉ်သော သတိဖြင့်နေခြင်းကို၊ ဗြဟ္မံ – မြတ်သော၊ ဝိဟာရံ – နေခြင်းဟူ၍၊ ဗုဒ္ဓါ – မြတ်စွာဘုရားသည်၊ အာဟု – ဟောတော်မူ၏။
၁ဝ ။ ဘိက္ခု – သံသရာဘေးကို ရှု့လေ့ရှိသောသူသည်၊ ဒိဋ္ဌိဉ္စ – မိစ္ဆာဒိဋ္ဌိသိုလည်း၊ အနုပဂ္ဂမ္မ – မကပ်မူ၍၊ သီလဝါ – လောကုတ္တရာ သီလရှိသည်ဖြစ်၍၊ ဒဿနေန – သောတပတ္တိမင်္ဂဉာဏ်နှင့်၊ သမ္ပန္နော – ပြည့်စုံသည်ဖြစ်၍၊ ကာမေသု – တေဘုမ္မက သင်္ခါရတည်းဟူသော ဝတ္ထုကာမတို့၌၊ ဂေဓံ – တပ်မက်ခြင်းကို၊ ဝိနယ – ပယ်ဖျောက်၍၊ ဇာတု – စင်စစ်၊ ပုန – တဖန်၊ဂဗ္ဘသေယျံ – အမိဝမ်းတွင်း၌ ပဋိသန္ဓေနေရခြင်းသို့၊ န ဧဟိ – မရောက်လတ္တံ။ မေတ္တာသုတ္တံ – မေတ္တာသုတ် ပရိတ်တော်သည်၊ နိဋ္ဌိတံ – ပြီးဆုံးပါ၏။
Mg Myat Htwe