(၁၆) နှစ်အရွယ် ညီအစ်မ (၂) ဦး ကျူရှင်က အပြန်မှာ တပြိုင်နက်တည်း ပျောက်သွားတဲ့အဖြစ်

(၁၆) နှစ်အရွယ် ညီအစ်မ (၂) ဦး ကျူရှင်ကနေ ပြန်လာပြီး အိမ်ပြန်မရောက်တဲ့ အဖြစ်ကို ဖော်ပြလိုက်ပါတယ်။ လတ်တလောမှာ လူပျောက် ဖြစ်စဉ်တွေ များလာပါတယ်။ လုံခြုံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ အားလုံး သတိထားကြပါလို့ အသိပေးလိုက်ရပါတယ်။

ကျွန်တော်၏ သမီးဖြစ်သူ မအိဖြူခင် အသက်(၁၅)နှစ် (၈)လ နှင့် တူမဖြစ်သူ မခိုင်ဝင်းသဇင် အသက်(၁၆)နှစ် တို့သည် ၂၈.၅.၂၀၂၂ ရက် မနက် ၉နာရီခန့်မှစ၍ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိသူများမှ အောက်ပါ ဖုန်းနံပါတ်များသို့ အကြောင်းကြားဆက်သွယ်ပေးပါရန် အသိပေးပါသည်။ ကိုဟိန်း (မော်လမြိုင်) 09752896282၊ 09785215764

ဖြစ်စဉ်အပြည့်အစုံကတော့ ၂၈.၅.၂၀၂၂ ရက် မနက်ပိုင်း ကျူရှင်မှပြန်လာသော သမီးဖြစ်သူ မအိဖြူခင်ကို တူမဖြစ်သူ မခိုင်ဝင်းသဇင်မှ လာရောက်ကြိုယူခေါ်ဆောင်သွားပြီးနောက် မခိုင်ဝင်းသဇင်၏ သူငယ်ချင်းတစ်ယောက်အိမ်သို့ ခေတ္တသွားရောက်လည်ပတ်ခဲ့သည်။

နံနက် ၉နာရီအချိန်ခန့်တွင် သူငယ်ချင်းဖြစ်သူအိမ်မှ ထွက်ခွာသွားပြီးနောက် ဖုန်းခေါ်မရ စက်ပိတ် အဆက်အသွယ်ပြတ်တောက်ကာ ယခုအချိန်ထိ ဆက်သွယ်မရဖြစ်နေပါသည်။

အိမ်နှင့်ပြဿနာဖြစ်ထားခြင်းမရှိပါ။ တွေ့ရှိထားသူများအထက်ပါဖုန်းနံပါတ်မှတဆင့် ဆက်သွယ် အကြောင်းကြား ပေးပါရန် အသိပေးအပ်ပါသည်။ ကိုဟိန်း (မော်လမြိုင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page