မြန်မာလူမျိုးနဲ့ အင်္ဂလိပ်လူမျိုးတို့ အသက် (၅၀) ကျော်ရင် လုပ်တဲ့ အလုပ်တွေနဲ့ ကွာခြားပုံ
မြန်မာလူမျိုးနဲ့ အင်္ဂလိပ်လူမျိုးတို့ အသက် (၅၀) ကျော်ရင် လုပ်တဲ့ အလုပ်တွေနဲ့ ကွာခြားပုံ…
မြန်မာတွေက အသက် (၄၀) ကျော်၊ ငါးဆယ်လောက်ရောက်ရင် ဂန့်ပြီ။ အထူးသဖြင့် အရက်ကြောင့် အသဲကင်ဆာ နဲ့ဂန့်ရင် ဂန့်၊ မဂန့်ရင် သွေးတိုးဆီချို၊ နှလုံးသုံးလုံး လေးလုံးနဲ့ဂန့်ကြပြီ။
မြန်မာတွေ စဉ်းစားပုံက အသက် (၅၀) ကျော်ရင် အကျဘက်ရောက်ပြီ။ လူငယ်တွေကို နေရာပေးရမယ် (တကယ်လည်း ပေးတာမဟုတ်ဘူး) ။ နောင်ဘဝအတွက် တရားလုပ်ရမယ်ဆိုပြီး စိတ်ဓာတ်ကျစရာ စကားကို ပြောတယ်။ စိတ်ဓာတ်ကျ စရာကို အရင်စဉ်းစားတယ်။ အကောင်းဖက်ကို မစဉ်းစားဘူး။
အင်္ဂလိပ်တွေရဲ့စဉ်းစားပုံက ငါးဆယ်ကျော်ရင် အလုပ်မှာလည်း အကောင်ဖြစ်နေပြီ။ ဆရာဖြစ်နေပြီ။ ငွေလည်းစု မိနေပြီ။ ခလေးတွေလည်း အတောင်စုံလို့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။ အိမ်မှာ လင်မယားနှစ်ယောက်ပဲ ကျန်တော့တယ်။ ဒါ့ကြောင့် ပျော်ဖို့အတွက် စတင်တွေးဆနေပြီ။ လုပ်နေပြီ။
ဘဝက ငါးဆယ်ကျော်မှ စတင်လွတ်လပ်လန်းဆန်းလာတယ်။ ဒါ့ကြောင့် ကမ္ဘ္ဘာလှည့် ကြတယ်။ သုံးကြ ဖြုန်းကြတယ်။ ကမ္ဘ္ဘာလှည့် ခရီးသည်အများစုက ငါးဆယ်ကျော်တွေချည်းပဲ ဖြစ်နေတာ အဲဒါကြောင့်ပါ။ သူတို့တွေဟာ ကမ္ဘ္ဘာလှည့်ရင်း အရမ်းဆင်းရဲတဲ့လူတွေကို လှူကြတယ်။ ဒုက္ခရောက်သူကို ကူညီတယ်။ စော်တွေနဲ့ဂျစ်ကီ ဂျစ်ကီလုပ်ကြတယ်။ ကကြ ခုန်ကြတယ်။ မူးကြတယ်။
သူတို့တွေဟာ မြန်မာတွေ စဉ်းစားသလို ငါးဆယ်ကျော်ရင် အကျဖက်ကိုရောက်ပြီ။ မကြာခင် ဂန့်တော့မယ်၊ ဘဝကူး ကောင်းအောင် စေတီတည်မယ်၊ တရားထိုင်မယ်ဆိုတဲ့ မလုပ်ချင်တဲ့ အလုပ်ကို Stress ရအောင် မလုပ်ကြဘူး။ နောင်ဘ၀ ဆိုတာကို ခဏထား။ လက်ရှိဘဝမှာ သက်ရှည်ကျန်းမာ ပျော်ရွှင်ဖို့က အဓိက မဟုတ်ဘူးလား။
ငါးဆယ်ကျော်ဆိုတာ ဘဝမှာ အားလုံးအဆင်သင့်ဖြစ်နေတဲ့အရွယ်ဗျ။ ဒီအချိန်မှာမှ မလန်းရင် ဘယ်အချိန် လန်းရမှာလဲ။ လန်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရတယ်။ ငွေစုထားရတယ်။ ပညာစုထားရတယ်။ အလုပ်မှာ အကောင်ဖြစ်အောင် စုထားရတယ်။ အဲလို မစုထားရင်တော့ ငါးဆယ်ကျော်ဘဝက တိုင်ပတ်ပြီသာမှတ်။ မသာချရင်တောင် နာကူအသင်းကို အသနားခံစာတင်နေရအုံးမယ်။ အဓိက အချက်က ငါးဆယ်ကျော်အထိ နေနိုင်ဖို့အတွက် ကျန်းမာရေးပဲ။ ကျန်းမာရေးကောင်းမှ လစ်နိုင်မယ်။
ငါးဆယ်ကျော်ဆိုတာ အသားအရည်ကအစ ဟိုဟာအထိ လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးတယ်။ ရေခဲရိုက်စရာ မလိုဘူး။ ဒီအရွယ်ကို အကျဖက်ရောက်ပြီလို့တွေးတာ မြန်မာတွေပဲရှိတယ်။ မြန်မာတွေစဉ်းစားပုံက ငါးဆယ်ကျော်တာ နဲ့သချိုင်းကုန်းမှာ ကြိုတင် Appointment ယူထားရမဲ့ ပုံ။ ဆောရီး။ ကျနော်ကတော့ မြန်မာတွေရဲ့အယူအဆကို လက်မခံဘူး။ မိမိကတော့ ငါးဆယ်ကျော်တာနဲ့လန်းပြီသာမှတ်။
ဘုန်းကျော် (သြစတျေးလျ)