ရန်ကုန်မြို့ တဝက်နီးပါး မနက်ဖြန် မီးပြတ်မည် (ပြောထားတဲ့ အချိန်ထက် ပိုပြတ်နိုင်ပါတယ်)

ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ မြောင်းတကာ မြို့နယ်များအတွင်းရှိ နေရာအချို့တို့မှာ ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီကနေ့မှာ ကြေညာပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနဲ့ ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းတွေကို ဆောင်ရွက်မှာဖြစ်လို့ မီးပျက်မှာလို့ ကော်ပိုရေးရှင်းက ပြောဆိုပါတယ်။

မီးယာယီပျက်တောက်မယ့် အချိန်ကတော့ မနက်( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းဖြစ်ပြီး အရေးကြီးနေရာတွေမှာ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီကနေ့မှာ ကြေညာပါတယ်။

ယခင်အချိန်တွေတုန်းကလည်း ကြေညာထားတဲ့ အချိန်ထက် လျှပ်စစ်ဓာတ်အား ပိုမိုပြတ်တောက်နိုင်မှုတွေ ရှိတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page