မြေကြီးမွှေး စားဖူးလား..? (ရိုးရိုးမြေကြီး မဟုတ်တဲ့ ပထဝီမြေဓာတ်ရသော မြေကြီးမွှေး အရသာ)

မြေကြီးမွှေး စားဖူးလား..?

အစာပြေ မြေကြီးခဲ.. အောင်ပန်းစျေးမှာ နေ့တိုင်း မြေကြီးမွှေးခဲ လာရောင်းတဲ့ မို့အို။

စားလို့ရတဲ့မြေခဲလေးတွေပါ။ မြေခဲတိုင်းစားလို့မရပါဘူး။ ပအိုဝ်းလူမျိုးအခေါ်အဝေါ်က “ဟမ်းတော့” လို့ခေါ်တယ် မြေကြီးတော့ ဟုတ်တယ် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး။ ပထဝီမြေဓာတ်ရသောကြောင့် ဗိုက်ကြီးသည်တွေ့စားကြပါတယ်…

လွယ်လွယ်နဲ့ ရှာလို့မရပါဘူး။ ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ်။ များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ် အစာပြေပေါ့။ ထမင်းစားပြီးရင် စားကြတာ များတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်။

နို့ဆီဘူးတဘူး ၅၀၀ ကျပ်ပါ။ အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနဲငယ်ပါပါတယ်။ အနဲငယ်စပ်ပါတယ်။

ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ် ဗမာလို မြေကြီးမွေးလို့ အဓိပ္ပါယ်ရတယ်…

Sai Lin Thu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page