တစ်ခေါက်ဖူးပြီးရင် မသွားချင်ကြတော့တဲ့ မြဘုရားနှင့် အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်း

မြဘုရား တစ်ခေါက်ဖူးပြီးသွားရင် တစ်ချို့ က နောက်တစ်ခေါက် မသွားချင်ကြတော့ဘူး.. ပေးရတဲ့ဘတ် ငွေ ဘတ် ၅၀၀ နဲ့ လူကျိတ်ကျိတ်တိုးရတဲ့အတွက် အချိန်ပေးရတဲ့အတွက် မသွားချင်ကြတော့ဘူး ။ မြဘုရား ဖူးပြီးပြီ ဆိုတဲ့ အပြောမျိုး ခဏခဏကြားရပါတယ် ။

တကယ်တော့ မြဘုရားဟာ ဆုတောင်းပြည့်တဲ့ စေတီတစ်ဆူပါ ။ တစ်ချို့ မြဘုရားသွားရောက် ဖူးမြှော်ပေမဲ့ မဖူးထိုက်လို့ မဖူးရသူတွေအများကြီးပါ ။

ဒီမြဘုရားဟာ အနော်ရထာဘုရင်ကို သီဟိုဠ် ဘုရင်ကလက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာမုန်တိုင်းမိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ကုန်းလမ်း ကနေ လာအိုနိုင်ငံကို ရောက်သွားခဲ့ပြီး လာအိုဘုရင်က တမြတ်တနိုး ကိုးကွယ်ထားတဲ့ ဆင်းတုတော်ပါ။

ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါတယ်။ နှစ်နိုင်ငံလုံးကဘုရင်တွေနဲ့ မိတ်မပျက်ချင်တဲ့ အနော်ရထာ ဘုရင်ကသီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအိုဘုရင်ထံ ရေစက်ချ လှူဒါန်းခဲ့ပါတယ်။

မြဘုရားဟာ အနော်ရထာဘုရင်ဆီက မျက်နှာသာ ရလိုမှုကိုသာအဓိကထားတဲ့ သီဟိုဠ်ဘုရင်ဟာ ခုလို အနော်ရထာဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက်ကျေနပ်သလို စစ်တိုက်ပြီးဖြစ်စေ၊ သံတမန်လွှတ်ပြီးဖြစ်စေပြန်ယူရင် အဲဒီခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့်ပြည်သူတွေရဲ့ သဒ္ဓါတရားကို ခုလို အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအိုဘုရင်ကလဲ အနော်ရထာမင်းမြတ်ကို ပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။

ဒီလို သမိုင်း ကြောင်းကြီးတဲ့ မြဘုရားကိုမှ ထိုင်းကလာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ပါတယ်။ ထိုင်းဟာ လာအိုနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြဘုရားကို ထိုင်းနိုင်ငံကို ပင့်ဆောင်လာခဲ့ပါတယ်။

ကျနော် နုစဉ်အခါက ဧည့်လမ်းညွှန် ဝန်ဆောင်ခ ဘတ် ၁၀၀၀ ရစဉ် မိမိချွေးနဲစာထဲက မြဘုရား ဝင်ကြေး ၅၀၀ ကိုကြည်ကြည်ဖြူဖြူ အိပ်ထဲကစိုက်ထုတ်ပြီး ဧည့်သည်နဲ့အတူတူ လိုက်ပါဖူးမြှော်နေကျပါ ။ ဆိုတော့ မြဘုရားဖူးပါတဲ့နေ့တွေဆို ပုံမှန်ထက် ဘတ် ၅၀၀ လျော့ပြီး ရနေကျပါ ။ တစ်ချို့ ဧည့်လမ်းညွန် လေးတွေဆို ဧည့်သည်ကို စိုက်ခိုင်းတဲ့သူရှိသလို ထိုင်းလူမျိုး ဝင်ပေါက်မှ တိုးပြီး ဝင်ရောက် နေကြတဲ့သူလည်း ရှိပါတယ် ။

မိမိရဲ့အလှူ ဖူးထိုက် လို့ ဖူးရတယ်သဘောထားပြီး ခဏခဏ ဖူးမြှော်ပါတယ်။ တောင်းတဲ့ဆုကလည်း တစ်ခုတည်းပါ။ ဆုတောင်းပြည့်တယ်လို့ ခေါ်ရမလား အရင်ကထက်စာရင် ကျနော် လုပ်ငန်းခွင်မှာ သိပ်မမောမပန်းတော့ပါ…

တစ်ချို့အပူနဲ့လာတဲ့ ဧည့်သည်တွေလည်းငြိမ်းချမ်းသွားတာမျိုးရှိသလို ဆုတောင်းပြည့်လို့ နောက်ထပ် တစ်ခေါက်လာရောက်ဖူးမြှော်သူတွေလဲရှိကြပါတယ် ။

ဘန်ကောက်လမ်းညွှန် ကိုစိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page