မျိုးဗီဇ ပြောင်းထားတဲ့ မျိုးစေ့တွေ စသုံးဖို့ တရုတ်အစိုးရ ခွင့်ပြုလိုက်ပြီ (မြန်မာဖက် ရောက်လာမှာလား)
ပြည်တွင်းစားသောက်ကုန်ဖူလုံစေရေးအတွက် မျိုးဗီဇပြောင်းထားတဲ့နည်းပညာသုံးမျိုးစေ့တွေကို စတင်သုံးသွားဖို့ တရုတ်အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။
ပထမဆုံးအဖြစ် ပြောင်းဖူးနဲ့ ပဲပိစပ်စိုက်ခင်းတွေအတွက် ခွင့်ပြုပေးသွားမှာပါ။ GM food တွေဟာ အထွက်တိုးပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိလို့ အချို့ချမ်းသာတဲ့တိုင်းပြည်တွေက သူတို့ဈေးကွက်တွေထဲ တင်သွင်းခွင့်မပြုပါဘူး။
ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ အများဆုံးဝယ်ယူတင်သွင်းနေရတဲ့ တရုတ်ပြည်ဟာ အမေရိကန်၊ ကနေဒါ၊ ဩစီတို့လိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်နေတာကြောင့် ပိုမိုခက်ခဲလာတဲ့ ပြည်တွင်းစားစရာဖူလုံရေးအတွက် ခုလိုနည်းပညာဖက် အားကိုးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စိုက်ပျိုးသူတွေအဆင်ပြေဖို့အတွက် အနိမ့်ဆုံးဈေးလျာထာတာ၊ အစိုးရလျော့ဈေးနဲ့ လယ်ယာသွင်းကုန်တွေရောင်းပေးတာ၊ ထွက်လာတာတွေကို သိုလှောင်ထိန်းသိမ်းဖို့ကူညီတာ၊ ဈေးကွက်ရှာပေးတာမျိုးတွေလည်း ကူညီပေးသွားမှာပါ။
ဒါပေမယ့် ဒီနှစ်ထဲမှာ လယ်ယာတွေစွန့်ပစ်ကာ မြို့တက်အလုပ်လုပ်ကြတဲ့ တောင်သူလယ်သမားအရေအတွက်ဟာ ၁၈၃ သန်းတောင်မှ ရှိခဲ့ပါသတဲ့။
သူတို့ဖာသာ GM food တွေ ထုတ်လုပ်စားတာက အရေးမကြီးဘူး၊ မြန်မာပြည်ဖက်ကို export လုပ်ရောင်းပြီး ဈေးကွက်ဖျက်ပစ်လိုက်မှာကို ကြံဖန်စိုးရိမ်မိပါတယ်။
Francis Zin