မွန်ပြည်နယ်ရဲ့ ပထမဆုံး မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင် (မုတ္တမ တံတားထိပ်မှာ ရှိပါတယ်)
မုတ္တမြို့ တံတားထိပ်မှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ပြီး ၅၀၀ကျပ်တန် ထမင်းဆိုင်ဖွင့်လှစ်ထားပါတယ်။
တစ်ရက်ကိုအယောက် (၁၀၀) စားသုံးနိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မွန်ပြည်နယ်ရဲ့ ပထမဆုံး မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်အကြွား၊ မန္တလေး စကား၊ မော်လမြိုင် အစားဆိုတဲ့ ဆိုရိုးစကားလို အချက်အပြုတ် ကျွမ်းကျင်ပြီး ဟင်းအမယ် များပြားတဲ့ မွန်ပြည်နယ်ရဲ့ လက်ရာကတော့ စားလို့ကောင်းမှာ အသေအချာပါပဲ။
နောက်ထပ် ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင် ဖွင့်ဦးမလဲဆိုတာကို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။