အားလုံးမျှော်နေကြတဲ့ ကမ္ဘာ့ပထမဆုံး ဒူးရင်းသီး စတုဒီသာပွဲတော် မြန်မာပြည်မှာ စပါပြီ

မျှော်နေကြတဲ့ ဒူးရင်းသီးစားပွဲတော် 6.6.2022 နံနက်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လောင်းကိုင် (ကြာအင်း) ရွာ မှာ ဒေသထွက် ဒူးရင်းသီးတွေကို ရဟန်းသံဃာတွေကို ဆွမ်း ကပ်လှူပြီး လာရောက်သူ အားလုံး ကို ဒူးရင်းသီး အပြင် ထမင်း ပါကျွေးမွေး ဧည်ခံ မည် ဖြစ်ကြောင်း သိရပါတယ်။

လောင်းကိုင် (ကြာအင်း) ရွာဟာ ကမ္ဘာ မှာ မရှိတဲ့ ဒူးရင်းသီး စားပွဲတော် ကျင်းပတဲ့ ကရင်ပြည်နယ် က ရွာတစ်ရွာပါ။ ကရင်ပြည်နယ်မှာ လောင်းကိုင်(ကြာအင်း)ရွာ ဟာ အရသာ အကောင်းဆုံး ဒူးရင်းသီး ထွက် တဲ့ ဒေသက ကရင်ရွာလေး တစ်ရွာပါ။

အဆိုပါ ဒူးရင်းသီး စတုဒီသာပွဲတော်ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့ လောင်းကိုင် ကြာအင်း ကျေးရွာမှာ ဒူးရင်းသီး ပေါ်တဲ့ မေလရောက်တိုင်း နှစ်စဉ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လောင်းကိုင် ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပ ပြုလုပ်တာ ဖြစ်ပြီး မည်သူမဆို အခမဲ့ စိတ်ကြိုက် စားသောက်နိုင်တဲ့ စတုဒီသာပွဲ ဖြစ်ပါတယ်။

အလှူရှင်များ ဖြစ်တဲ့ ဒူးရင်းခြံပိုင်ရှင်တွေက အကောင်းဆုံး အပင်က အသီးတွေကို သံဃာများကို ကပ်လှူတာဖြစ်ပြီး လာသမျှ လူတိုင်းကိုလည်း ခြံထွက် ဒူးရင်းသီးတွေနဲ့ ဧည့်ခံကြတာ ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့ စေတနာပါတဲ့ ကျွေးမွေး ဧည့်ခံမှုကြောင့် ဒူးရင်းသီးကြိုက်သူများအကြား နာမည်ကြီးခဲ့ပြီး ရန်ကုန်ကနေ တကူးတက သွားစားခဲ့ကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

ဒူးရင်းသီး အဝစားချင်သူတွေ သွားကြရအောင်နော်။ (သတင်း-ကိုစော) (ပုံလေးတွေက ယခင်နှစ်တွေက လုပ်ခဲ့တဲ့ ပုံလေးတွေပါ။)

နိုင်ငံရေး အခြေအနေကြောင့် မကျင်းပနိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ ကရင်ပြည်နယ်က ဒူးရင်းသီး စတုဒီသာပွဲတော်ကတော့ ယနေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အရသာ အရှိဆုံး အသီးရယ်၊ ကမ္ဘာ့အကောင်းဆုံး မြန်မာ့စေတနာရယ် ပေါင်းလိုက်တဲ့အခါမှာ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိသေးတဲ့ ဒူးရင်းသီး စတုဒီသာပွဲတော်ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ သွားနိုင်တဲ့သူတွေ သွားရောက် စားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page