တိရစ္ဆာန်ဥယျာဉ်မှ ဆင်မကြီး မိုမို တုံးကျော်ပြီ (တောထဲက ဆင်မကြီး မိုမိုနဲ့ နာမည် တူခြင်းသာဖြစ်)

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို သေဆုံးပြီဆိုတဲ့သတင်းဟာသတင်းမှားသာဖြစ်ပြီး ဆင်မကြီးမိုမို ဟာလက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျန်းမာစွာ ရှိနေတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

အခုရက်ပိုင်းအတွင်း ပြည်သူ့အချစ်တော်ဆင်မကြီး မိုမိုသေဆုံး သွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နာတွေမှာသတင်းမှားတွေပျံ့နှံ့ခဲ့ပြီး အမှန်တကယ်ကတောတွင်း ဆင်စခန်းတစ်ခုမှာသေဆုံးသွားခဲ့တဲ့ ဆင်မကြီးနာမည်က မိုမိုဖြစ်ပေမယ့် အသက်က ၇၃ နှစ်အရွယ် ဖြစ်နေပါတယ်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က ဆင်မကြီးမိုမိုနဲ့ နာမည် ဆင်တူနေတာကြောင့် အခုလိုသတင်းမှားတွေပျံ့နှံ့ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဆင်မကြီးမိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့အထင်ကရသက်တမ်းရင့် ဆင်တစ်ကောင်ဖြစ်ပြီး ဆင်မကြီး မိုမိုရဲ့(၆၈) နှစ် မြောက်မွေးနေ့ပွဲကိုလည်း ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့က ရန်ကုန် တိရစ္ဆာန်ဥယျဥ်မှာ ကျင်းပခဲ့ပါတယ်။

မိုမိုသည် ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှ ဆင်မတစ်ကောင်ဖြစ်ကာ သူမ၏ ထူးခြားလှသော အသိဉာဏ်စွမ်းရည်ကြောင့် ပြည်သူများအကြားတွင် ဆင်ဟုပြောလျှင်ပင် မိုမိုနှင့်တွဲမြင်သည်အထိ ကျော်ကြားလှပါတယ်။

ဆင်မကြီး မိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သော ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်းများစွာတိုင်အောင် ဖျော်ဖြေပေးခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုကိုအခုချိန်မှာ ပြည်သူတွေကို ဖျော်ဖြေရေးလုပ်ငန်း တွေကနေ အနားပေးခဲ့ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ဆင်ပေါက်ကလေး တွေကို ထိန်းကျောင်း ပေးနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page