အင်္ဂလိပ်စာကို ဆယ်နှစ်သင်ပေးလို့ မတတ်တဲ့ ပညာရေးစနစ်နဲ့ အလိမ်ခံလိုက်ရတဲ့ ကလေးများ

ကျွန်တော်တို့နိုင်ငံက ကလေးတွေ သနားစရာ အလွန်ကောင်းပါတယ်။ သူတို့ဘဝသက်တမ်းရဲ့ ဆယ်နှစ်ကျော်မျှ အလိမ်ခံခဲ့ကြရတယ်။

အင်္ဂလိပ်စာကို ဆယ်နှစ်သင်ပေးလို့ တတ်အောင်မသင်နိုင်တဲ့နိုင်ငံ၊ မြန်မာစာကို ဆယ်နှစ်သင်လို့ မှန်အောင်မရေးနိုင်တဲ့နိုင်ငံ၊ ကလေးငယ်တွေကို နိုင်ငံခြားမုန်းတီးမှု အခြေခံထားတဲ့ အလိမ်အညာသမိုင်းတွေ မြန်မာ-ယိုးဒယားစစ်ပွဲ စာအုပ်စိမ်းတွေနဲ့ ဂျင်းသိပ်ခဲ့တယ်။

ကျောင်းတွေမှာ ကစားကွင်းရှိလျက်နဲ့ ကစားခွင့်မပေးဘဲ စာကျက်စေတယ်။ ကျောင်းတွေက လက်တွေ့စမ်းသပ်ခန်းတွေဆိုတာ ဟန်ပြသက်သက်သာလုပ်ထားပြီး မြင်သာမြင်ရ မကြင်ရဘူး ကွန်ပျူတာခန်းနဲ့ ကျောင်းစာကြည့်တိုက်တွေလည်း အမြဲသော့ခတ်ထားတယ်။

စာသင်တဲ့အခါမှာလည်း မင်းလက်ပိုက်ထားပြီး သင်သမျှကို ငြိမ်ငြိမ်ထိုင်နားထောင်ပါ လျှာရှည်ရင်ပြန်မေးရင် ဆရာမက မုန်းတယ်ငါ့ညီ (Aramis)

လက်ရှိအချိန်မှာ စကစ ဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းသားပေါင်း ၅.၆ သန်း လာရောက်အပ်နှံတယ်လို့ သတင်းလိမ်ထားပေမယ့် လက်တွေ့မှာတော့ ထက်ဝက်ကျော်တောင် မတက်တာ တွေ့ရပါတယ်။ တချို့ကျောင်းတွေမှာ ဆရာ မလုံလောက်တာကြောင့် မူလတန်းတွေအနေနဲ့ တပတ်မှာ နှစ်ရက်ပဲ တက်ရမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page