မြောင်းမြမှာ သူခိုးများ ထိန်းမရ၊ မြို့နယ်ရဲမှူးအိမ်ရှေ့က မီးအားမြှင့်စက်ပါ ဖြုတ်ခိုးခံလိုက်ရဟုဆို

မြောင်းမြမှာ သူခိုးတွေပေါနေပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ရှေ့က မီးအားမြှင့်စက်ပါ အခိုးခံရတယ်လို့ မြို့ခံတွေကပြောပါတယ်။

အခိုးခံလိုက်ရတဲ့ မီးအားမြှင့်စက်ဟာ မြောင်းမြမြို့ လယ်ခေါင်ရှိ ရေကူးကန်တွင်တပ် ဆင်ထားတဲ့ မီးအားမြှင့်စက်ဖြစ်ပြီး မြောင်းမြမြို့နယ်အုပ်ချုပ် ရေး မှူး နေအိမ်၊မြောင်းမြမြိုနယ် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့ မှူး၏နေအိမ်ရှေ့မှာရှိတဲ့ မီးအားမြှင့်စက်လို့ ဆိုပါတယ်။

“ရေကူးကန်က မီးအားမြှင့်စက်အခိုးခံရတာ။ တကယ့် မြို့လယ်ခေါင်က အချက်အချာ ကျတဲ့နေရာကဟာတွေ အခိုးခံနေရတာပါ။ အခိုးခံရတာကိုချက်ချင်းသိတာမဟုတ်ဘူး။ အခိုးခံရပြီး နောက်နေ့မှ သိရကြတာ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဈေးပိတ်ရက်ကလည်း မြို့မ ဈေးကြီးထဲက အထည်ဆိုင် ဖောက်ထွင်းခိုးယူခံရတယ်။ အထည်တွေ မနည်းဘူး ပါသွား တယ်။ ဥပေဒစိုးမိုးမှုအားနည်းတာနဲ့ စီးပွားရေးတွေကျပ်၊ အလုပ်အကိုင်တွေ ရှားပါးလာလို့ အခုလိုဖြစ်ရပ်တွေ ဖြစ်လာတာ။ စကစရဲ့ လုံခြုံရေးတွေကလည်း ခိုးမှု လုယက်မှုတွေကို နှိမ်နင်းဖို့ထက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုသာ လိုက်ဖမ်းနေတာ” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

မြောင်းမြမဈေးကြီးအတွင်းမှ စံပယ်ဖြူအထည်ဆိုင်သည် ဇူလိုင် ၄ ရက်နေ့ က ဖောက်ထွင်း ခိုးယူ ခံရခြင်း ဖြစ်ပြီး အဝတ် အထည်နှင့် ငွေသားအချို့ပါသွားပြီး မြောင်းမြမြို့မဈေး အတွင်း လုံခြုံရေးအစောင့်များအများအပြားချထားသော် လည်းခိုးယူဖောက်ထွင်း ခံရခြင်းဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာရပြီးနောက်ပိုင်းမှစတင်ပြီး နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ဖောက်ထွင်းမှုများ၊ လုယက်မှုများ၊ ခိုးမှုများ နေ့စဉ်နီးပါးဖြစ်ပေါ်နေပြီး တရားခံများကိုလည်း တစ်ဦးမှ ဖမ်းမမိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီး အများအပြားမှာလည်း ခိုးဆိုးလုနှိုက်မှုများ ဖြစ်ပွားနေပြီး ပြည်သူများ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page