ကားတစီး သိန်း ၃၀၀ ရင်းပြီး တခေါက်ကို ၅ သောင်းတောင် မကျန်တဲ့ အဖြစ် (အုံနာရဲ့ ဖွင့်ဟဝန်ခံချက်)

ဆီစျေးက ၁ လီတာ ကို ၂၇၀၀ ဖြစ်နေပြီ ( တစ်ပေပါ ၅၉၀၀၀၀ ) ၊ မကွေး – ရန်ကုန် အသွားအပြန်ဆိုရင် ဆီ ၉ သိန်း ဖိုး မထည့်ဘဲ မရပါဘူး။

ပြောချင်တာက မကွေးရော ရန်ကုန်ရော ကားခစျေး မတက်ရင် လုံးဝရပ်လိုက်ပါတော့မယ် ကုန်သည်/ဂိတ်ပိုင်/ဂိတ်မှူးရော ကားတစီးထွက်ရင် ကုန်ကျစရိတ်တွေမသိမှာဆိုးလို့ အောက်မှာစာရင်းရေးလိုက်ပါတယ်ဗျ။

မကွေး – ရန်ကုန် အသွားကားခ ၇၅၀၀၀၀၊ ရန်ကုန် – မကွေး အပြန်ကားခ ၆၅၀၀၀၀၊ သွား / ပြန် ကားခ ရ – ၁၄၀၀၀၀၀။

ဆီဖိုး သွား/ပြန် – ၉ သိန်း၊ လမ်းကြေး သွား/ပြန် – ၁၂၀၀၀၀၊ ရဲကြေး -၂၅၀၀၀၊ ခေါက်ကြေး – ၉၀၀၀၀၊ အသွား ကုန်တင်/ကုန်ချ လုပ်သား – ၁၀၀၀၀၊ ရန်ကုန်ကနေ မကွေး ကုန်တင် လုပ်သား – ၁၀၀၀၀၊ ရန်ကုန် ဘော်ဒါကြေး – ၁၀၀၀၀၊ ထမင်းဖိုး ၈ ရက်တွက် – ၁ သိန်း၊ မကွေး ကုန်တင် ဂိတ်ကြေး – ၂၀၀၀၀၊ ရန်ကုန် ကုန်တင် ဂိတ်ကြေး – ၇၀၀၀၀၊ စုစုပေါင်း ကုန်ကျစရိတ် = ၁၃၅၅၀၀၀ ဒါကို ရန်ကုန်မှာ ကားရပ်စရာနေရာမရှိရင် သီရိမွန်ညအိပ်ကြေးတွေမပါသေးဘူး ( တညအိပ်ရင် ၄၀၀၀ ပါ )

ကားတစ်ခေါက်ထွက်ရင် ၄၅၀၀၀ ဘဲ ကျန်ပါတယ်။ လမ်းမှာ ကားတာယာဘီးပေါက်တာတို့ ဘီးပွင့်တာတို့ဆို ကိုယ့်အိတ်ထဲကစိုက်ရပြီဘဲ ကား အင်ဂျင်ဝိုင်ဖိုး တို့ တာယာပါးတာတို့ ကားနာကျင်စရိတ်က တခေါက်ထွက်မှ ၄၅၀၀၀ ဘဲ ကျန်တာပါ။

ကား တစီးကို အနည်းဆုံး သိန်း ၃၀၀ ဝန်းကျင် ရင်းရပါတယ်ဗျ အဲ့ဒါလေးတွေကို ကုန်သည်/ဂိတ်မှူးတို့ကိုသိစေချင်လို့ပါဗျာ၊ တချို့လူတွေက ကားထောင်ရင် သူဌေးဖြစ်တယ်ထင်နေကြလို့ပါ။

ကျွန်တော်တို့မှာ ကားတစီးကို သိန်း ၃၀၀ လောက်ရင်းရပြီး တခေါက်မှ ၁သိန်းတောင် ကျန်အောင်မနည်းလုပ်နေရပါတယ် ( အမှန်အတိုင်းပြောရရင် ကျွန်တော်ကတော့ ကားနားချင်နေတာပါ ၊ ကိုယ့်ကားသမားတွေ စားဝတ်နေရေးငဲ့နေရလို့ ပြေးနေရတာပါ ၊ ဒီတခေါက်ထွက်လို့မှ ကားခစျေး မတက်ရင် နားပါပြီဗျ) (မူရင်းရေးသာသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page