မြန်မာတွေ သည်းခြေကြိုက် အလှူခံတွေရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အဖြစ်အပျက်များ
မန်းလေးမှာ အလှူခံလူလိမ်တွေမိလို့ဆိုပြီး ဖြစ်လို့ .. ဒါလေးပြောပြချင်ပါတယ်။ Psychology သဘောအရ .. လူတွေရဲ့ စိတ်ဟာ Decorative Design Patterns လေးတွေ ပါတာနဲ့ စိတ်ဟာ ချက်ချင်းပြောင်းသွားတယ်။ အများအခေါ် တို့ဆေး ဆိုတဲ့ သဘောမျိုးပေါ။
တို့ဆေး ရှိတာ မရှိတာ စွမ်းတာ မစွမ်းတာ ကျွန်တော် မသိ။ သို့ပေမယ့် ကိုယ်တိုင်က ဒီဇီုင်းသမားဆိုတော့ ဒါတွေဟာ Psychology အရ လူ့စိတ်ကို တမဟုတ်ချင်း ပြောင်းသွားတယ်။ အနည်းငယ် သံသယလေးဖြစ်ရင်တော့ တမျိုးပေါ့။ သို့ပေမယ့် ၁ဝဝ တန် ပစ္စည်းကို ၉၉ ဆိုပြီး ရေးလိုက်တာနဲ့ပင် ဂဏန်း ၁ လုံးပြုတ်သွားလို့ တန်တယ် ဆိုတဲ့ စိတ်တဖွားဖွားဖြစ်သွားတဲ့သူတွေက မနည်းသလို .. ဘာသာရေးသမားတယောက်က ဒါလေးဆောင် ဒါလေးသောက်ဆိုပြီး ရေမာန်း မြေကြီးခဲ ကျောက်ခဲ သစ်သားစ သင်္ဃန်းစ ပေးလိုက်တာနဲ့တင် ဖီးတွေဖြစ်ပြီး .. ငါ့ကို တခုခု စောင့်ရှောက်နေပြီ ဆိုတဲ့သူတွေ မနည်းဘူးရယ်။
တကယ်တန်းတော့ အားလုံးဟာ အမြင်အာရုံတွေ အကြားအာရုံတွေ အထိအတွေ့တွေကပဲ ကိုယ့်စိတ်ကိုယ် Play နေတာ။ Psychological Drama ပေါ့။ ဒါကြောင့် ဗုဒ္ဓဟောထားတဲ့စကားမှာ အတွင်းကို ကြည့်ပါ ဆိုတာ အဲဒါပါပဲ .. မိမိစိတ်ထဲ ဘာဖြစ်နေသလဲဆိုတာ ပြန်ကြည့်ခိုင်းတာ။ အပြင်ကို ကြည့်လို့ကတော့ Quality ကောင်းကောင်း မူရင်း ဒေါ်လာ ၂ဝ တန် T-shirt တထည်ကို နီကီ ဆိုတဲ့ Logo လေး တခုရိုက်လိုက်တာနဲ့ .. ဒေါ်လာ ၄ဝ ဖြစ်သွားပေမယ့် .. အဲဒါကို ဂူချီဆို ဈေးက ၂ဝဝ ကနေ စကောင်းစလိမ့်မယ် .. ယနေ့ X ဆိုပြီး ဘယ် Brand နဲ့ ဘယ် Brand က – Collaboration လုပ်ပါတယ် ဆိုပြီး ဈေးကို ၁ ဆကနေ ၁ ဆခွဲ ၂ ဆခွဲထိ တင်လည်း .. ကြိုက်တဲ့သူက ပေးကြတာပါပဲ။
ဆိုလိုတဲ့သဘောက ကျွန်တော်တို့ဟာ အလှူခံလာတိုင်း မေးခွန်းထုတ်ပါ။ နောက် Patterns တွေကို နားလည်ရမယ်။ တော်ရုံ Psychology လေ့လာတဲ့သူတောင် အညာခံရတာတွေ တပုံကြီး .. Psychology မသိတဲ့သူဆို ပိုတောင် ဆိုးသေးတယ်။ လိမ်တဲ့သူက Psychology နားလည်လား နားမလည်လားတော့ မသိ .. သို့ပေမယ့် ငထူတွေ တပုံကြီးဆိုတာ သူတို့သိတယ်။
ယခုအချိန် ကျွန်တော့်ကို ဘုရားတွေ တမာန်တော်တွေ နတ်တွေက ဘယ်လို ဘယ်ဝါဆိုပြီး လာပြောရင် ပြုံးပြီး မေးခွန်းတွေနဲ့ ချီပေမယ့် .. တချိန်ကဆို လက်အုပ်လေးချီ တကယ့်ကို ကိုယ့်ဘေးမှာ ဘော်ဘော် နတ်တွေ ရှိနေပြီလားဆိုပြီး .. တခုခုလုပ်လိုက်ရင်ပင် သာဓုတွေခေါ်နေပြီလားဆိုပြီး ဖီးတွေဖြစ်တဲ့ Psychological Drama တွေဖြစ်ခဲ့ဖူးတယ်။ တကယ်တန်းတော့ ဒါတွေဟာ စိတ်ရောဂါတမျိုးပါပဲ။
ဒီစာရဲ့ အဓိပ္ပာယ်က ဘုရားတွေ တမာန်တော်တွေ နတ်တွေကို ယုံတာ မယုံတာ အပထား .. Visual ကြောင့် စိတ်ဟာ ခဏတာ လွတ်ထွက်သွားလျှင် .. အိပ်ကပ်ပါးသွားတာပဲ အဖတ်တင်လိမ့်မယ်။ ငါ့ပိုက်ဆံနဲ့ငါခံရတာ မင်းအလုပ်လားဆိုပြီး မပြောခင် .. ကျွန်တော်တို့ဟာ Social Behaviorism ဆိုတဲ့ အကြောင်းတော့ သိထားဖို့လိုတယ်။ ဥပမာ ခင်ဗျားက စံပြအဖြစ် အထင်ကရလူဆို .. ခင်ဗျားကို ကြည်ညိုတဲ့သူတိုင်းက ခင်ဗျားလုပ်သလို လိုက်လုပ်ကြသလို .. ကိုယ့်ကို တသက်လုံး ဂျင်းထည့် လိမ်နေတဲ့ အလှူခံကို .. ယုံကြည်ပြီး ငွေထည့်နေလျှင် .. ဟိုလူတောင် လှူလိုက်တာ ငါလည်း လှူမယ်ဆိုပြီး လှူကြတဲ့အဖြစ်ဟာ နောက်ဆက်တွဲ ဆိုးကျိုးရှိတယ်။
လှူတာကို ကုသိုလ် ဘာညာတွေပြောကြပေမယ့် .. မြန်မာစကားမှာ အလှူရဲတော့ မွဲတယ် ဆိုတာတို့ .. ရွှေတပြောင်ပြောင် ဝမ်းကခေါင်ခေါင်တို့ .. မယောင်ရ ဆီလူး .. ပင်လယ်ထဲ မိုးရွာစတဲ့ အဖြစ်တွေကြောင့်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လှူနေတဲ့ ငွေတွေ အများကြီး .. နေ့စဉ် ဘာသာရေး အသုံးစရိတ်တွေ မနည်းဘူး။ အဲဒီ နေ့စဉ် ငွေပမာဏကိုသာ allocation နဲ့ – ဘုံသဘောနဲ့ စုထည့်လို့ ခွဲဝေပေးခဲ့မယ်ဆို .. လူတကိုယ် တိုက်တလုံး ကားတစီးတောင် ဖြစ်လာနိုင်တယ်။ သို့ပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အလှူ Results တွေဟာ မွဲနေတဲ့ ပြယုဒ်ပဲ ပြနေတာ သက်သေပါပဲ။ I am just reporting ပါ။ (Myo Han Htun)