အံ့ဩဘဘဏ်နဲ့ ပြည်သူတွေ ပျောက်ဆုံးသွားတဲ့ နောက်ဆုံးလက်ကျန် ယုံကြည်မှု
ယနေ့ မနက်ပိုင်းမှာ အံ့ဩဘပေးကို နိုင်ငံခြားမှာ သုံးလို့ မရတော့ဘူးဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ မြန်မာပြည်ရဲ့ ဆင်းကတ်ကို နိုင်ငံခြား ယူသွားပြီး အံ့ဩဘပေးရဲ့ တခါသုံးကုတ်ကို တောင်းတဲ့ အခါမှာ ပေးအကောင့်ထဲက ပိုက်ဆံတွေကို ဘဏ်အကောင့်ထဲကို တခါတည်းလွှဲလိုက်ပြီး အံ့ဩဘဘဏ်ရဲ့ သတိပေးစာ ရောက်လာတယ်လို့ သိရပါတယ်။
အဲဒီစာထဲမှာ အံ့ဩဘပေးကို နိုင်ငံခြားမှာ လုံးဝအသုံးပြုဖို့ အဆင်မပြေနိုင်ဘူးဆိုတဲ့အကြောင်း၊ ပြည်တွင်းမှာသာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊ အကောင့်ထဲမှာရှိတဲ့ ငွေတွေကို ပြည်တွင်း ပြန်ရောက်မှသာ ပြန်ထုတ်လို့ ရမယ်ဆိုတဲ့အကြောင်းတွေ ပါဝင်ပါတယ်။
အဆိုပါစာဟာ အတုဖြစ်တယ်လို့ အံ့ဩဘဘဏ်က ပြန်ရှင်းလင်းပေမယ့် နောက်ကျသွားခဲ့တာကြောင့် လူမှုကွန်ရက်မှာ အတော်ကို ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အံ့ဩဘပေးအနေနဲ့ ယခင်ကတည်းက သုံးစွဲသူ ပြည်သူတွေအပေါ် ကျင့်ဝတ်နဲ့ မညီတဲ့ အကောင့်ပိတ်ခြင်း၊ ထိန်းချုပ်ခြင်း စတဲ့ လုပ်ရပ်တွေ ပြုလုပ်ခဲ့တာကြောင့် သုံးစွဲသူတွေအနေနဲ့ ယုံကြည်မှု လျော့နည်းနေခဲ့ပါတယ်။
ယခုလို ကိစ္စမျိုး သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာလည်း အချိန်မီ မဖြေရှင်းနိုင်မှုကြောင့် သုံးစွဲသူတွေရဲ့ နောက်ဆုံး လက်ကျန်ယုံကြည်မှုဟာ ပျောက်ဆုံး သွားခဲ့ရပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်စဉ်ကနေ စတင်လိုက်တဲ့ ပုဂ္ဂလိကဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့နည်းလာခြင်းဟာ လက်ရှိအချိန်မှာ တဖြည်းဖြည်း များပြားလာတာကို တွေ့ရပါတယ်။
အာဏာရှင် အလိုကျ ကြိုးဆွဲရာ ကနေရတဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ တချိန်က ဝန်ဆောင်မှုကောင်းခဲ့တယ်ဆိုတာ အိပ်မက်ပမာ ဖြစ်နေပြီး လက်ရှိအချိန်မှာ သုံးစွဲသူတွေရဲ့ ချဉ်ဖတ်တွေ ဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိနေရပါတယ်။ မြန်မာပြည်ရဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်း ဘယ်အချိန်မှ ပြန်အဆင်ပြေနိုင်မှာလည်း ဆိုတာကိုတော့…