မြင်သူတိုင်း ဝမ်းနည်းဖို့ကောင်းတဲ့ ရန်ကုန်နောက်ဖေးလမ်းကြား ဥယျာဉ်တွေရဲ့ နိဂုံး

ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားတွေကို ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းပြီး သန့်ရှင်းရေးတွေ တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့ကြပါတယ်။

သန့်ရှင်းသွားတဲ့ နောက်ဖေးလမ်းကြားတွေမှာ စေတနာ့ဝန်ထမ်း ပန်းချီဆရာတွေနဲ့ ဖောင်ဒေးရှင်းတွေ ပူးပေါင်းပြီး နောက်ဖေးလမ်းကြား ဥယျာဉ်တွေ အဖြစ် ပုံဖော်ခဲ့တာကြောင့် ပြည်သူများ စိတ်ဝင်တစားနဲ့ လာရောက် လည်ပတ်ကြတာကို တွေ့ရှိရပါတယ်။ ယခင်က ညစ်ပတ်လွန်းလို့ ဘယ်သူမှ မဝင်ချင်ခဲ့တဲ့ ရန်ကုန် နောက်ဖေးလမ်းကြားတွေဟာ သန့်ရှင်းတောင်ပြောင်ခဲ့ပြီး မိသားစုနဲ့ ကလေးများအတွက် အပန်းဖြေစရာ နေရာတွေ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုနဲ့အတူ ရန်ကုန်နောက်ဖေးလမ်းကြား ဉယျာဉ် စီမံကိန်းတွေလည်း အလိုအလျောက် ပျက်ပြယ်သွားခဲ့ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ်တွေထဲက တချို့ဟာ အခုတော့ အမှိုက်တွေပြည့်ပြီး ပျက်စီးလာတာကို တွေ့ရပါတယ်။

ထိန်းသိမ်းမယ့်သူ မရှိတော့ခြင်း၊ အိမ်ပိုင်ရှင်များမှ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းကြောင့် တချိန်က လှပခဲ့တဲ့ နောက်ဖေးလမ်းကြား ဥယျာဉ်လေးတွေဟာ ပုံမှာ မြင်ရတဲ့အတိုင်း အာဏာရှင်ခေတ်ကလို ညစ်ပတ်နံစော်နေတဲ့ အမှိုက်တွေ ဗရပွ ဖြစ်နေတာကို ဝမ်းနည်းဖွယ် ပြန်လည် တွေ့ရှိရပါတော့တယ်။

ပြီးခဲ့တဲ့ ၂၀၁၈၊ ၁၉ ခုနှစ်လောက်မှာလည်း နောက်ဖေးလမ်းကြားတွေကို စည်ပင်သာယာရေးအဖွဲ့နဲ့ ရပ်ကွက်လူထုတို့ ပူးပေါင်းရှင်းလင်းခဲ့ကြပြီး မကြာခင်မှာပဲ ပြန်ပျက်စီးသွားတာ၊ အမှိုက်တွေ ပြန်ပစ်ချကြတာကို တွေ့ခဲ့ရဖူးပါတယ်။

ရန်ကုန်မှာ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိပြီး နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ထားကြကာ ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ကုန်ကျတယ်လို့ သိရပါတယ်။

လူကို လူလို သဘောထားတဲ့ ခေတ်ကနေပြီး ကိုယ်တယောက်ထဲ အဆင်ပြေ ကောင်းစားရင် ပြီးရော တခြားသူ ဘာဖြစ်ဖြစ်ဆိုတဲ့ အတ္တဗဟိုပြုတဲ့ ခေတ်ကို တိုက်ရိုက် ထင်ဟပ်ပြနေတဲ့ ပြယုဂ်အနေနဲ့လို့ပဲ ရင်နင့်စွာနဲ့ တင်ပြ လုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page