ရန်ကုန်က ကြောက်စရာ တက္ကစီသမားနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးငယ်တဉီးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

ရန်ကုန်မြို့လယ်ခေါင်မှာ ကြောက်စရာ တက္ကစီသမားနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးငယ်တဦးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

၁၃-၉-၂၀၂၂ ရက်နေ့တွင် မြို့ထဲ ၁၉ လမ်းမှ ည ၇ နာရီ အချိန်တွင် တက္ကစီနံပါတ် 3E 5471 ကို ငှားရမ်းခဲ့ပါသည်။ ကားသမားကို အုတ်ကျင်းသို့ ၅၀၀၀ နှင့်ငှားရမ်းခဲ့ရာ ဈေးအဆင်မပြေသ၍ ကားမထွက်ခင် ကားပေါ်မှ ပြန်ဆင်းခဲ့ပါသည်။

၎င်းTaxi သမားမှ အဆင်ပြေတယ် ကားပေါ်တက်လို့ ပြောခဲ့ရာ ဦးလေး ၅၀၀၀ နော်လို့ပြော၍ တက်ခဲ့သည်။ ထိုသူမှာလဲ ရတယ် တက်လို့ပြောခဲ့သည်။ ထို့နောက် ဆေးရုံကြီးရှေ့မှ ဖြတ်၍ မြို့မကျောင်းလမ်းသို့မောင်းနှင်ခဲ့သည်။ ကံကောင်းသည်မှာ ကျမရဲ့ ကောင်လေးနဲ့ဖုန်းပြောနေခဲ့ခြင်းဖြစ်သည်။

မြို့မကျောင်းလမ်း မီးပွိုင့်သို့မရောက်ခင် တက္ကစီသမား ဦးလေးကြီးမှ တစ်လမ်းလုံး ဦးလေးတို့က ပိုက်ဆံကိုဘယ်လိုယူတာ ငြီးငြူနေခဲ့ရာ ဆေးရုံကြီး အကျော်မှာ “ဦးလေး၅၀၀၀နဲ့မရရင် သမီးဆင်းတော့မယ် သမီးမှာလဲ တကယ်အဲ့လောက်ပဲပါတယ်” လို့ပြောခဲ့သော်လည်း အတင်း ဆက်မောင်းခဲ့သည်။

ရန်ကုန်ဆေးရုံကြီးအကျော်မှာ အတင်းကားရပ်ခိုင်းသော်လည်း မရပ်ပဲဆက်မောင်းခဲ့သည်။ ကျမလဲ ဒီလူကြီးမှာ မူမမှန်တာသိသောကြောင့် ကားကို အတင်းရပ်ခိုင်းရာ ထိုသူမှာ မရပ်ပဲဆက်လက်မောင်းနှင်ခဲ့သည်။ မီးပွိုင့်သို့ရောက်သော် ကျမသည် ကားပေါ်မှ အတင်းဆင်းခဲ့သည်။ အဲ့မတိုင်ခင် ကားပေါ်မှ ဆင်းမယ်ကြံတိုင်းအရှေ့မှကားကို အတင်းဆွဲပိတ်ပြီးကျမ အိတ်ကို အတင်းဆွဲရမ်းခဲ့သည်။

ကျမ အိတ်ကို စလွယ်သိုင်းပြီး ကားတံခါးဖွင့်ပြီး ကားပေါ်မှ အတင်းဆင်းခဲ့သည်။ သူတောင်းတဲ့ပိုက်ဆံကိုလဲပေးမယ်ဆိုပြီး ကောင်လေးကို ဖုန်းဆက်နေသည်ကို ကျမ ပိုက်ဆံအိတ်ကိုသာ အတင်းဆွဲနေခဲ့သည်။ ထိုအချိန်တွင် လူများပြက်၍ မိုးများရွာနေခဲ့သည်။ လမ်းမှ တက္ကစီများကို အကူညီတောင်းသော်လည်း ရပ်ပေးခဲ့ခြင်းမရှိပေ။

ကားပေါ်မှ ဆင်းသည့်တိုင်အောင် ပိုက်ဆံအိတ်ကို လိုက်လံဆွဲယူပြီး ပိုက်ဆံတောင်းယူခဲ့သည်။ ကျမလဲ လူသူရှိ၍ လင်းထိန်သောနေရာသို့ အတင်းရောက်အောင် မိုးရေထဲ၌ မရရအောင် သွားရောက်ခဲ့သည်။ ထို့နောက် သူတောင်းသော ပိုက်ဆံကိုရှင်းပေးမယ်ဆိုပြီး ရှင်းပေးလိုက်တော့မှ ပိုက်ဆံတောင်ပြန်မအမ်းပဲ လှည့်ထွက်သွားသည်။ ကျမလဲ လူကို ဘာမှ အန္တရာယ်မပြုတာပဲ ကံကောင်းတယ်ဆိုပြီး ပိုက်ဆံပြန်မတောင်းခဲ့ပါ။ ညဘက်မိုးချုပ်နေသောကြောင့် လမ်းကိုသေချာ မမှတ်မိတော့ပါ ကောင်လေးဖြစ်သူမှာ စိတ်ပူပြီး လိုက်လာသောကြောင့် အန္တရာယ်ကင်းခဲ့ပါသည်။

၎င်း taxi 3E 5471 ကို မောင်းနှင်သူ ကားသမားမှာ ဂိတ်ထိုးစဉ် ဂိတ်နံပါတ်ကိုကျော်၍ လုပ်ဆောင်သောကြောင့် ဂိတ်၌လဲ အများနှင့် အဆင်မပြေကြောင်း တခြားသူများနှင့် ရန်ဖြစ်ကြောင်း သိရသည်။ ၁၉ လမ်း အနော်ရထာလမ်းနဲ့ ဗန္ဓုလလမ်း၌ ၁၂ နာရီကနေ ၅ နာရီထိ ကျက်စားကြောင်း သိရပါတယ်။ ၁၉ လမ်းမှာ ညဘက် လာတတ်ကြောင်း သိရပါတယ်။ တက္ကစီ မောင်းသူမှာ အသက်ကြီးကြီးပင်ဖြစ်ပြီး နှမချင်း သမီး မြေးချင်း မစာမနာ ပြုမူတတ်သော လူတစ်ဦးဖြစ်သောကြောင့် ရှောင်ရှားသင့်ပါသည်။

ကျမလို တခြားမိန်းကလေးများ မခံ ရအောင်ဝေမျှခြင်းဖြစ်ပါတယ်။ ကျမလို ကျားကျားယားယား မိန်းမ မျိုး ကြုံတွေ့ရသည်မှာ လွန်စွာ ကြောက်ဖို့ကောင်းတဲ့ အနေထားမျိုးဖြစ်ပါတယ်။ မိမိ ပိုက်ဆံအိတ်များကို bus စီးစီး Taxi စီးစီး လုံခြုံစိတ်ချပြီး လွယ်စီးလးဖြစ်သူမှ Taxi ‌မထွက်ခင်ရိုက်ယူထားသော ပုံဖြစ်ပါသည်။ (Taxi ပေါ် စစတက်ချင်း ကားမထွက်ခင်/ ပြဿနာတွေမဖြစ်ခင် ကောင်းလေးမှ ရိုက်ယူထားတဲ့ပုံပါ) (Pont Pone)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page