အရှက်တွေကို ဘေးချိတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ကေတီဗီက ကောင်မလေးရဲ့ ရင်ဖွင့်စကား

ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်….။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး။

ကေတီဗီ နွား။ “ဘိုးတော်ရောက်ပြီ” ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို ဆက်စီ ဖြစ်အောင်ဖွပြီး Room A7 ကိုသွားပြီ။ ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ… ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ။

အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်… ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ… သူ့အတွက် သောက်စရာ စားစရာမှာ… ကိုယ့်အတွက် ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။ ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလို ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင် စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်။

လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့ အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့ ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင် ဒါမှ အပိုဆာဒါးတွေကို သူတို့က သနားအောင် ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ အများသူငါ ကေတီဗီထုံးစံအတိုင်းပေါ့ ငယ်ကျွမ်းဆွေနဲ့စမယ် မူးလာရင် နဂါးနီ ပြီးရင် မြနန္ဒာနဲ့သိမ်းကြတာပေါ့ ကိုယ်တွေက မြနန္ဒာနားရောက်လာရင် ပစ်ချွဲချွဲနဲ့ အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့ ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေ များရင် တခြားကောင်မတွေကို ကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ် ယောက်ျားက အလုပ်မရှိဘူး သားကို ပညာတတ်ဖြစ်စေချင်တယ် အမေလည်းရှိသေးတယ် အိမ်လခရှိသေးတယ်။ ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်။ လက်ဝတ်လက်စားအစုံနဲ့ ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။ ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ ချူဆီထည့်တဲ့ဇာတ်လမ်းပါပဲ အိမ်လခမရှိဘူး မောင်လေးကျောင်းစရိတ်လိုတယ် ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။

သူစားချင်တာကိုတော့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်… သူငွေရှင်းပြီးပြန်သွားရင် ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေ… ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး တင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်။

ဒီဘိုးတော်လည်း ကြွားသာကြွားနေတာ အရင်လို ရေမလျှံတော့ဘူးရှင့် ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေ အလုပ်ထဲ ငွေကွာလို့ ပြဿနာတက်တယ် ကြားတယ်။ ဘောလုံးပွဲတွေ ရှုံးတယ်ကြားတယ်။ ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်။ ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်။ ကိုယ်တွေသားကို အောက်ကျမှာ စိုးလို့ မုန့်ဖိုး တစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာ ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ… ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင် အကွက်ရွှေ့တာလွယ်ပါတယ်… သူ့မိန်းမနဲ့အတူ ရှိချိန်မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ… ကိုယ်လည်း ထိုက်သလောက် ရပြီးပြီဆိုတော့ သူတို့လင်မယား ဆက်ဖြစ်ကြပါလေ့စေလေ…

ကိုယ်တွေက လန်ခရူဆာနဲ့ အမှန်အကန် စပွန်ဆာတစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ… အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။ ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။ (စုမောင်မောင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page