နယုန်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ အမြန်ချေလိုက်တဲ့ စကစရဲ့ ထူးထူးဆန်းဆန်း ယတြာ

စစ်ခင်းခြင်း အနုပညာ ဟာ ဟာ ဟာ တဖက်က ကောလိယပြည်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အစိမ်းကတဖွဲ့၊ နောက်တဖက်က ကပ္ပိလဝတ်ပြည်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အနီကတဖွဲ့ နှစ်ဖွဲ့စလုံးမှာ ဘုရင်တွေ မင်းညီမင်းသားတွေ မိဖုရားတွေ ရဲမက်စစ်သည်ဗိုလ်ပါတွေနဲ့ အကျဉ်းပြောရရင်

ဘုရားရှင်လက်ထက်တော်တုန်းက ဒီနေ့မှာ ရောဟဏီမြစ်ရေအတွက် တိုက်ခိုက်ကြမယ့် ကောလိယနဲ့ ကပ္ပိလဝတ် ကို မြတ်စွာဘုရားက စစ်မဖြစ်အောင် မဟာသမယသုတ်ကို ဟောပြီး တားဆီးတော်မူခဲ့တယ်ပေါ့။

ဒါကြောင့် ကပ္ပိလဝတ်နဲ့ကောလိယတို့ ဆိုင်းဘုတ်ကြီးကိုင် ဘုရားခုနှစ်ပတ်ပတ် မဟာသမယသုတ်တရားနာပြီး စစ်မတိုက်ရအောင် ယတြာချေကြတာ။

စစ်မတိုက်ရဲလို့ စစ်တိုက်ရမှာ ကြောက်လို့ ဒီယတြာကို ဒီလိုချေတာ။ ဒါပေမယ့် စိတ်ချ ဒီပွဲကတော့ မဟာသမယသုတ်လဲ မတားနိုင်လောက်တော့ဘူး။

ပြည်သူတွေက သိပ်ကိုနာကျည်းနေကြပြီ။ ဒါက ဘုရားရှင်လက်ထက်လဲ မဟုတ်​သလို ရေအတွက် နှစ်ပြည်ထောင် စစ်ခင်းတဲ့ပွဲလဲ မဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မပြိုင်တဲ့ပွဲ။ မဟာသမယသုတ်ကတော့ အဓမ္မဖက်က မရပ်တည်ဘူးထင်တာပဲလေ။ (ZarNiAung)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page