လက်ရှိ ရန်ကုန်သားတွေ အကြောက်ဆုံး ကိစ္စနဲ့ ကားပိုင်ရှင် တဉီးရဲ့ ငိုရအခက် ရယ်ရအခက် အဖြစ်

လက်ရှိအချိန်မှာ ကားပိုင်ရှင် ရန်ကုန်သားတွေရဲ့ အကြောက်ဆုံးအရာတွေကို တန်းစီချရေးရင် ကားဘက်မှန် ဖြုတ်ခိုးခံရတဲ့ ကိစ္စက ထိပ်ဆုံးက ပါလာပါလိမ့်မယ်။ ကားပါကင် ရှားပါးလှတဲ့ ရန်ကုန်မြို့မှာ လက်တလော ကြုံတွေ့နေရတာကတော့ ကားဘက်မှန် အခိုးခံရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တခုမှာတော့ ကားတစီးနဲ့ လူ ၃ ယောက်ဟာ လမ်းပေါ်မှာ တန်းစီရပ်ထားတဲ့ ကားတွေရဲ့ ဘက်မှန်တွေကို ဖြုတ်ခိုးနေတဲ့ပုံတွေ တွေ့ခဲ့ရပါတယ်။ ဘက်မှန်တွေကို လွယ်လွယ်ကူကူ ဖြုတ်ခိုးနေကြပြီး စီစီတီဗီတွေ ရှိပေမယ့် ဂရုမစိုက်ကြတဲ့ပုံစံ ဖြစ်နေပါတယ်။ ကားပါကင် ရှားပါးလွန်းတဲ့ ရန်ကုန်မြို့မှာ ကားတွေကို လမ်းပေါ်မှာ ရပ်ထားရတာကြောင့် ဘက်မှန်သူခိုးတွေအတွက် စိတ်ကြိုက်အနေအထား ဖြစ်နေတာကို တွေ့ရပါတယ်။

အဆိုပါ ဘက်မှန်ခိုးယူမှုကို ရဲစခန်းကို အရေးယူပေးဖို့ တိုင်ကြားကြပေမယ့် ရဲစခန်းက သူ့လုံခြုံရေးနဲ့ သူ အလုပ်ရှုပ်နေတာကြောင့် ဘယ်လိုမှ အရေးယူနိုင်ခြင်း မရှိပါဘူး။ အဲဒါကြောင့် ကားပိုင်ရှင်တွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ကားကို လုံခြုံရေး လုပ်ကြပေမယ့်လည်း သူခိုးတွေကတော့ ခိုးမြဲခိုးဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။

ဘက်မှန်သူခိုးတွေဟာ မှောင်ခိုဈေးတွေမှာ ပြန်ရောင်းလေ့ ရှိပြီး အခိုးခံရတဲ့ပိုင်ရှင်တွေက အဆိုပါဈေးတွေမှာ သွားဝယ်ယူတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ငိုရအခက်၊ ရယ်ရအခက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အကြောင်း ကားပိုင်ရှင်တဦး ရေးသားထားကို ပြန်လည်ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

ကောင်းလိုက်တဲ့ မြန်မာပြည်၊ အခိုးခံလိုက်ရတဲ့ ပစ္စည်းကို ပြန်ဝယ်တပ်တာ ကိုယ့်ပစ္စည်း ကိုယ်ပြန်ရတယ်၊ လာတပ်တာ အော်ရီဂျင်နယ်လား မေးလိုက်တာ အော်ရီဂျင်နယ်တဲ့၊ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ ပစ္စည်း အသစ်က ဖြုတ်ထားတဲ့ အရာတွေက တထပ်ထည်းပဲ။ ပျောက်ဆုံးပစ္စည်းများ တာမွေအခွန်လွတ်ဈေးတွင် ရသည်။ (Zayar Htet)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page