လိုင်းပေါ် ပျံ့နေတဲ့ မိသားစုမုန့်ပုံးပေါ်က ဂျင်းဇာတ်လမ်းအကြောင်းကို သိတဲ့သူက ပြောလိုက်ပါပြီ
လိုင်းပေါ် ပျံ့နေတဲ့ မိသားစုမုန့်ပုံးပေါ်က ဂျင်းဇာတ်လမ်း အပြည့်အစုံ
ငယ်ငယ်ကတည်းက သိချင်ခဲ့တဲ့ မိသားစုမုန့်ပုံးရဲ့ နောက်ကြောင်းရာဇဝင်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းတွေ ရှိပါတယ်။
ဒုတိယ ကမ္ဘာစစ်ဖြစ်ကြီးဖြစ်ပြီး ၂ နှစ်အကြာ နာဇီတွေက ဂျူးလူမျိုးတွေကို ဒုက္ခပေးတော့ ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးတစ်မြို့က တူရကီနွယ်ဖွားမိသားစုတစ်စုဟာ အိမ်တစ်အိမ်ထဲမှာ တစ်ယောက်ထဲငိုနေတဲ့ ဂျူး ကလေးလေးကို တွေ့ရှိခဲ့ပါတယ်။
ဒါနဲ့ပဲ အဖြစ်မှန် သိသွားပြီးတော့ ကလေးလေးကို သူတို့ သား လိုပဲ အသိပေးပြီးမွေးစားခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ ဆိုဗီယက်တွေ ဘာလင်ကို သိမ်းပြီး စစ်ပြီးတဲ့အချိန် အရှေ့ဂျာမနီမှာ ရှိနေတဲ့ အဲဒီမိသားစုကို အမေရိကန် သတင်းထောက်တစ်ဦးက ၁၉၅၀ ပြည့်နှစ်လောက်မှာ တွေ့တော့ ဓာတ်ပုံရိုက်ပြီး သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီလိုနဲ့ပဲ လူမျိုးဘာသာမခွဲခြားဘဲ အသက်အန္တရာယ်ကို မငဲ့ဘဲ ကယ်တင်မှုနဲ့ မိသားစုဆန်မှုကို လေးစားတဲ့အနေနဲ့ သူတို့ပုံရိပ်နဲ့ Family ဆိုတဲ့ Food Product တစ်မျိုးကို စတင်ထုတ်လုပ်ပါတော့တယ်။
အဲဒီသတင်းထောက်ရိုက်ခဲ့တဲ့ပုံလေးကို Reference ယူပြီးတော့ ရိုက်ထားတဲ့ ဒီပုံလေးကို အခုချိန်ထိ အသုံးပြုနေတုန်းပါပဲ။
ဇာတ်လမ်းလေးကတော့ ဖတ်လို့ကောင်းပေမယ့် ဂျင်းဇာတ်လမ်းဖြစ်ကြောင်း သိတဲ့သူတဦးက အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရှိရပါတယ်-
ယခွမ်း ဘာ family food product မှမဟုတ်ဘူး.. အဲဒါကောင်းဂွမ်ဘီစကစ် မလေးကထုတ်တာ ဂျိုဟိုးမှာစက်ရုံရှိတယ်။
မုန့်လည်းစား တံဆိပ်လေးလည်းဖတ်ဟ၊ အဲလိုပဲ လလလလတွေ ရေးရင် ယုံတဲ့လူတွေမနည်းဘူး.. တနေ့ထဲကို သုံးလေးခါရှိပြီ ရှဲနေတာ..
ဒီဖက်က မြို့စို့နေတဲ့သုံးယောက်ကမှ ဂျူးရုပ်ပေါက်သေးတယ်.. ဟိုမျှော်နေတဲ့ ဂျာမန်လေးက ဂျူးမိသားစုသုံးယောက်ကို ပြန်မွေးစားထားတယ်ဆို ဟုတ်တုတ်တုတ်ရှိသေးတယ်။ (Thein Win Aung)